သတို့သမီးအသစ်ရောက်လာမည့်နေ့
ဖြစ်တာကြောင့် ရှောင်းကျန့် က လိုသည်ထက်ပို၍ စိတ်လှုပ်ရှားနေမိ၏။ဒီရက်ပိုင်းအတွင်း အရှင်နဲ့အတူကားချပ်တွေကြည့်
ခဲ့ပြီးသည့်နေ့မှစ၍ အရှင့်အား သတို့သမီးများအကြောင်း မမေးဖြစ်တော့သလို
အရှင်နဲ့လည်း ညအိပ်ချိန်လောက်သာ
တွေ့ဖြစ်လေသည်။ သို့ပေမယ့်သူကျေ
နပ်ပါသည်။ အခန်းထဲမှာသာ နေတဲ့
အရှင့်က နေမကောင်းလို့ပဲလေ။
သူ့ကိုမတွေ့ချင်လို့ ရှောင်နေတာမျိုးမှ
မဟုတ်တာ။ ဟွားဟွားမှတဆင့် အရှင့်
ဆီကို သူ့သွေးတွေ တိတ်တခိုးပေးခွင့်
ရတာပဲ သူပျော်လှပြီ။ ညအချိန်ဆို
အရှင်က သူ့ကိုရင်ခွင်ထဲအတင်းကြီး
ထည့်ပြီးမှ အိပ်တတ်နေပြီလေ။
ထိုနဲ့တင် ဒီဘဝမှာဘာတွေလိုအပ်များ
သေးလို့လဲ။"ဟင်း"
တွေးရင်းပြုံးနေမိရာမှ ခေါင်းမူလာတာ
ကြောင့် သက်ပြင်းရှိုက်မိ၏။ အရှင့်ဆီသွားရန်ပြင်လိုက်ပြီး အနည်းငယ်အေး
နေတဲ့ခံစားချက်ကြောင့်အပေါ်ဝတ်ရုံအဖြူကို ကောက်ဝတ်လိုက်ပြီး ခပ်သွက် သွက်ထွက်လာခဲ့၏။သူလှေကားထိပ်မှဆင်းရန်ပြင်တုန်း
ခြံထဲဆင်းရန် အိမ်အပြင်ထွက်သွားတဲ့
အရှင့်ကို လှမ်းတွေ့လိုက်ရတာကြောင့်
သူ့မှာ မပျော်သည့်အပြင် အလိုလို
စူပုတ်သွားသည်။အနီရောင်ခြုံလွှာနှင့်အရှင်ကသိပ်ကို
ခမ်းနားပြီး ကြည့်ကောင်းနေသည်လေ။
သတို့သမီး အသစ်လေးအတွက်
အစောကြီးထပြီး ပြင်ဆင်ထားသည့်ပုံ။
ဆံပင်တွေကလည်း ထုံးဖွဲ့ထားခြင်း
မရှိတာကြောင့် လေအဝှေ့မှာ လေပေါ်
မှာ လွင့်မျောနေခြင်းက သိပ်ကြည့်
ကောင်းလွန်းနေသည်။သဝန်တွေတိုလို့ သူ့မှာခေါင်းမူးတဲ့
ဝေဒနာပါ ပျောက်ပြီး လှေကားမှ
ပြေးဆင်းလာခဲ့မိသည်။
ပျောက်ဆုံးလို့ဘယ်ရောက်သွားမှန်း
မသိတဲ့ သတို့သမီးတွေအကြောင်းကို
သိအောင်လုပ်ရမည်ဆိုတဲ့ စိတ်ထက်
အရှင့်ကို သဝန်တိုစိတ်ကသာသူ့စိတ်
ထဲမှာကြီးစိုးလို့လာသည်။"အရှင်"
"ဟေ့...မပြေးရဘူးလေ"
ခြံဝန်းရှိသစ်ပင်ကြီးတစ်ပင်အောက်မှာရပ်နေသည့် အရှင့်ကိုလှမ်းခေါ်လို့
အနားသို့ပြေးသွားတော့ အရှင့်က
စိုးရိမ်သော မျက်ဝန်းများနှင့်ကြည့်လို့တားဆီးသည်။
ESTÁS LEYENDO
TᕼE ᗷᖇIᗪE ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳
Misterio / Suspenso(U) အရှင့်ရဲ့သတို့သမီးတွေထဲကတစ်ယောက် ဖြစ်ခွင့်ရရုံနဲ့ကျွန်တော်မျိုးကျေနပ်ပါရဲ့လေ။ . . (Z) အရှင့်ရဲ့သတို့သမီးတွေထဲကတစ်ယောက် ဖြစ်ခွင့်ရရုံနဲ့ကျွန်တော်မျိုးကျေနပ်ပါရဲ့လေ။