Extra

6.6K 380 18
                                    

လူမသိသူမသိ ငိုကြွေးခြင်းတွေ ကုန်ဆုံး
သွားခဲ့ပြီဖြစ်တာကြောင့် ရှောင်းကျန့်ရဲ့
မျက်နှာမှာ သာမာန်ထက် ပိုကြည်လင်
နေပြီး အပြုံးရေးရေးများကလည်း
ပါးချိုင့်ရှည်များပေါ်သည်အထိ အသက် ဝင်လို့နေ၏။ သံ​ယောဇဥ်ဆိုတဲ့ကြိုးပါးလေးကို အနှောင်အဖွဲ့လုပ်ပြီး အရှင့်ကို
သူချည်နှောင်နိုင်ခဲ့ပြီလေ။ သူ့ဘဝမှာ
ဘာမှထပ်မလိုတော့အောင် ပြည့်စုံခဲ့ပြီ။

"အရှင်!"

"ဒီမိန်းမဆိုးလေးကိုပဲ ချီနေတော့မှာလား"

လက်နှစ်ဖက်ကိုခါရမ်းလျက်ပြောနေတဲ့
သူ့ကြောင့် အရှင်ကနှုတ်ခမ်းထောင့်စွန်းသာ ကော့ညွှတ်ရုံမျှပြုံးလျက် သမီးလေးကို လက်တစ်ဖက်မှာပြောင်းပွေ့လိုက်ပြီး
ခုံတွင်ထိုင်ကာ သူ့လက်ကောက်ဝတ်ကိုလှမ်းဆွဲလို့ ပေါင်ပေါ်မှာထိုင်စေ၏။

"ပိန်သွားလိုက်တာ"

ခါးကိုပွေ့ထားတဲ့လက်တစ်ဖက်မှာတင်း
ကြပ်လာပြီး သူ့ရင်ဘတ်မှာမျက်နှာအပ်
လာတဲ့ အရှင်၏တိုးဖျဖျဆိုလာသော
စကားကြောင့် ပြုံးမိသည်။

"မချစ်တော့ဘူးလား"

"အင်း"

"အရှင့်"

"အဲ့လိုမပြောနဲ့နော် ကျွန်တော်မျိုးငိုပစ်
လိုက်မှာ အခုပဲငိုလိုက်ရမလားပြော"

အရှင့်ပေါင်ပေါ်ထိုင်နေရာမှထရပ်ပြီး
ပြောတော့အရှင်ကရယ်နေသလို
အရှင့်ပွေ့ချီထားတဲ့သမီးလေးကလည်း
သူ့ကိုကြည့်ပြီးလက်လှမ်းလျှက်တခစ်
ခစ်ရယ်နေတော့ ချစ်အားပိုစွာနှင့်ကောက်
ချီလိုက်မိသည်။

"ချစ်တာ...ချစ်တာ ပါးပါးရဲ့မိန်းမဆိုးလေး"

အိစက်နေတဲ့ပါးပြင်ကိုဖိကပ်နမ်းလိုက်
ပြီး သူတို့သားအဖကိုမော့ကြည့်နေတဲ့
အရှင့်ကို မျက်စောင်းခဲပစ်သည်။
သမီးလေးက သူ့ရင်ဘတ်နားမှအင်္ကျီကို
ဟနေတာကြောင့် အရှင့်ကိုကျောခိုင်း
ကာ အိမ်အရှေ့ခန်းသို့ထွက်လာပြီး
ရင်ဘတ်မှအင်္ကျီကို ဟပေးလိုက်တော့
သမီးလေးကနို့ကိုအုံခဲလို့စို့လာပြီးမျက်
လုံးများမှေးကျဥ်းလျက် အိပ်စက်ဖို့
ပြင်နေသည်။

TᕼE ᗷᖇIᗪE ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Où les histoires vivent. Découvrez maintenant