"ကိုယ်...မင်းကို...ချစ်တယ်"
မြက်ခင်းပြင်ပေါ်လှဲကျသွားပြီး
သူ့ရင်ခွင်ထဲမှ လွှတ်ထွက်သွားတဲ့
ရှောင်းကျန့်ကို ရှိသမျှအားနှင့်ပြန်လှည်
သိမ်းကျုံးဖက်လိုက်ပြီး မျက်လုံးစုံ
မှိတ်ချလိုက်သည်။ တစစ်စစ်နဲ့
အထွင်းခံနေရသည့်အလား စုတ်ပြတ်
သတ်နေတဲ့ရင်တစ်စုံမှ ဝေဒနာကို
အံတုနေရသည်။ ဖန်းကျိုးများက
လည်း တဖြည်းဖြည်းလျော့နည်းလာ
သည့် သူ့ခန္ဓာမှ အအေးဓာတ်ကြောင့်
ကြိုးစားကာ အနားသို့ တိုးကပ်နေ
ကြသည်။ သူ့မျက်လုံးထဲတွင်တော့
အဖြူစင်ဆုံးပြုံးပြနေသည့် ရှောင်း
ကျန့် ၏ မျက်နှာငွေလ လေးကိုသာ
မြင်ယောင်နေမိသည်။မသိမသာလူကပ်သလိုချွဲတတ်လွန်းတဲ့ ကောင်လေးရဲ့ အမူအယာတွေကိုသူမြင်ချင်သေးတယ်။ အငိုသန်ကလေးကိုလည်း မငိုငိုအောင် ကျီစားပြီး စိတ်ရှည်လက်ရှည်ချော့ချင်သေးတယ်။ ကျန်ရှိနေတဲ့အချိန်သက်တမ်းမှာ ဒီကောင်လေးကို သူ့ကြောင့်ပျော်စေချင်သေးတယ်။ သူ့ကို အရူးလေး
လို ချစ်ပေးတဲ့အတွက် ပျော်ရွင်မှုတွေကို အဖိုးအခအဖြစ် ပြန်ပေးချင်မိတာ စေတနာတစ်ခုပါ။ဒီကလေး ရဲ့ အမေ လိုချင်တယ်ပြောခဲ့တဲ့ဆန္ဒကို သူ မဖြည့်ဆည်းပေးနိုင်ပေမယ့် တက်နိုင်သမျှတော့မေတ္တာတွေ ပေးချင်သေးတယ်။ခက်ထန်တဲ့အသွင်နဲ့ နေခဲ့ပေ
မယ့် မင်းကို အရိပ်ကလေးလို တကြည့်
ကြည့်နဲ့ မျက်စိအောက်ကနေအပျောက်
မခံနိုင်ခဲဲ့ကြောင်း မဝန်ခံရသေးဘူး။ပြီးတော့...ပြီးတော့ ငါဟာလူသား
တစ်ယောက်မဟုတ်လည်းပဲ...မင်း...
မင်း...ချစ်ပေးနိုင်သေးရဲ့လားလို့
ငါမမေးရသေးဘူး။ဒီအတွေး ဒီခံစားချက်တွေက မင်းကို
ချစ်လို့ ရှောင်းကျန့်။ နှစ်ပေါင်းရာချီ
ငါဆန့်ကျင့်လာခဲ့တဲ့အရာကိုမင်းက
တစ်ခဏလေးအတွင်းမှာ ငါလက်ခံနိုင်အောင် သက်သေပြနိုင်ခဲ့တဲ့အတွက် ချီးကျူးပါတယ်ကောင်လေး။ငါမင်းကိုအသုံးမချရက်တော့သည်
အထိ ချစ်မိနေပြီ။ ဒါဟာငါရဲ့ကျရှုံး
ခန်းလား။ ဟုတ်ခဲ့ရင်တောင် မင်းကြောင့်
မို့ ငါပြိုလဲရတာကျေနပ်ပါတယ်။
VOCÊ ESTÁ LENDO
TᕼE ᗷᖇIᗪE ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳
Mistério / Suspense(U) အရှင့်ရဲ့သတို့သမီးတွေထဲကတစ်ယောက် ဖြစ်ခွင့်ရရုံနဲ့ကျွန်တော်မျိုးကျေနပ်ပါရဲ့လေ။ . . (Z) အရှင့်ရဲ့သတို့သမီးတွေထဲကတစ်ယောက် ဖြစ်ခွင့်ရရုံနဲ့ကျွန်တော်မျိုးကျေနပ်ပါရဲ့လေ။