Part...41

5.2K 397 12
                                    

"​ရှောင်းကျန့်!"

"မင်းရူးနေပြီလား"

ဓားနဲ့အမွန်းခံလိုက်ရတဲ့ဝဲရင်အုံမှာ
သွေးများဆိမ့်ထွက်လာပြီး မိုးပြာရောင်
အင်္ကျီပေါ်သို့စွန်းထင်လာသည်ကိုကြည့်
ရင်း အရှင်က ရှောင်းကျန့်ကိုသူ့အနားသို့
ရောက်အောင် ဆွဲယူလိုက်သည်။
ဆုပ်ကိုင်ထားသည့် ဓားကိုလည်းလက်လွှဲယူပြီး မြေပြင်ပေါ်သို့ပစ်ချသည်။

"လွှတ်ပါ"

"မင်းကွာ...ငါ့ကိုအဲ့လောက်မရက်စက်ပါနဲ့"

အရှင်ကငိုသည်။ ကလေးတစ်​ယောက်
လိုကို အော်ငိုသည်။ ရှောင်းကျန့်ရင်ဘတ်
မှဒဏ်ရာကို သွေးတိတ်အောင်လုပ်ရင်း
သူ့လက်ဖဝါးမှာ ပေကျံလာသည့်သွေး
များကိုကြည့်ကာ ခေါင်းတရမ်းရမ်း
ခါလျှက် ငိုရှိုက်သည်။

"အ...ရှင်"

"နာလား အရမ်းနာနေလား"

"ငါ့ကိုသာ သတ်လိုက်ပါလား"

ရှောင်းကျန့်ကခေါင်းခါလျက်အရှင့်
ပါးပြင်ကို အုပ်မိုးကာဆုပ်ကိုင်သည်။
အရှင်က သူ့အတွက်မျက်ရည်ကျနေ
သည်တဲ့။ဟင့်အင်း...အဲ့လိုမဖြစ်ရဘူး။
သူကကပဲ အရှင့်အတွက် ခံစားချက်
ပေါင်းစုံနဲ့ ငိုကြွေးပေးမှာ။အရှင်ကတော့
မငိုရပါဘူး။ မျက်ရည်တွေနဲ့အရှင်​က
ကြည့်မကောင်းဘူး။သူသ​ဘောမကျဘူး။

"မငို..ပါနဲ့"

"အရှင်နာကျင်နေတာ ကျွန်တော်မျိုး
မကြည့်ရက်လို့ပါ"

"ကျွန်တော်မျိုးကို..."

အရှင်ခံစားနေရသမျှကိုဖြေဖျောက်ဖို့
သူ့ကိုအသုံးချစေချင်ကြောင်း ပြောမည်ကို အရှင်က ကြိုသိပုံရ၏။ သူ့စကားမဆုံးခင်မှာပဲ ဖြတ်ပြောလာသည်။

"နာကျင်မှုတွေကိုဖြေဖျောက်ဖို့အတွက်
ကိုယ်မင်းကိုချစ်ခဲ့တာမဟုတ်ဘူး"

"ဒီ...ဒီတိုင်းလေးချစ်မိသွားတာပါ"

"အရှင်!"

ရှောင်းကျန့်ရဲ့ဒဏ်ရာသွေးတိတ်သွား
သည်နှင့် အရှင့် ပါးစပ်ထဲမှ သွေးများ
စီးကျလာသည်ကြောင့် ထိပ်ပြာရပြန်
သည်။

TᕼE ᗷᖇIᗪE ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Donde viven las historias. Descúbrelo ahora