ကိုက်ခဲနေသည့် ဦးခေါင်းကြောင့်နားထင်ကို ဖိနှိပ်ရင်း ရှောင်းကျန့် က မျက်လုံးများကို ဖြေးညှင်းစွာဖွင့်ကာပတ်ဝန်းကျင်အား ကြည့်လိုက်တော့ ညကအတိုင်း သူဟာ ကြမ်းပြင်ပေါ်မှာသာ ရှိနေဆဲဖြစ်၏။ အခန်းအတွင်း သူမှလွဲ၍ မည်သူမျှရှိမနေ။ ပထမဆုံးခေါင်းထဲရောက်လာသည်က
သူ၏ အရှင် ဖြစ်တာကြောင့် စိုးရိမ်စိတ်
မှာလည်း တစ်ပြိုင်နက်တည်းဝင်လာသည်။ညကဒီခြံကြီးထဲမှာဘာတွေများဖြစ်ခဲ့သည်လဲ။ သတို့သမီးအသစ်ရောက်လာ
မှ ခြံထဲမှာ ထူးဆန်းတာကြီးမြင်လိုက်ရတာ ဘာကြောင့်များလဲ။သူကြုံလိုက်ရတဲ့ မြင်လိုက်ရတဲ့
အရာတွေက သဘာဝတရားကို
လွန်ဆန်နေတာ မသိရလောက်အောင်
အထိ ရှောင်းကျန့် ပိန်းအ မနေပါ။ကြမ်းပြင်ပေါ်လက်ထောက်ရင်း
အား ယူကာ ထရပ်လိုက်သည်။
ကိုက်ခဲနေသည့် ခြေတစ်စုံက
ကြမ်းပြင်မှာ အချိန်အကြာကြီးအိပ်
လိုက်မိသည်ကြောင့် ဖြစ်ပါလိမ့်မည်။
တရွေ့ရွေ့နှင့်ပြတင်းပေါက်အနားသို့
ရောက်အောင်သွားပြီး ဖွင့်ကြည့်တော့
ညကလိုအထူးဆန်းဖြစ်မနေဘဲ
အလွယ်တကူသာပွင့်သွားကြောင့်
ခြံထဲသို့ ဝေ့ဝိုက်ကြည့်လိုက်တယ်။
မိုးစင်စင်လင်းနေပြီဖြစ်သော်လည်း
အိမ်ရှိအလုပ်သမား တစ်ယောက်
တစ်လေကိုပင် ခြံထဲမတွေ့ရ။
အရင်နေ့များကဆို ခြံထဲမရှိရှိတဲ့
အလုပ်ရှာကာ အလုပ်နဲ့လက်ပြတ်သူ
မရှိ။ အခုများတော့ ပကတိငြိမ်သက်
နေသောခြံဝန်းကြောင့် ရှောင်းကျန့်
မျက်မှောင်ကုတ်ရင်း အောက်ထက်သို့
ဆင်းရန်သာ တွေးလိုက်တယ်။လူကသာစိတ်မပါသလို လှုပ်လီလှုပ်
လဲ့နဲ့ တစ်လှမ်းချင်းလျှောက်လှမ်း
နေပေမယ့် သူ၏ အတွေးများဟာ
ဂရောက်ဂယက်နှင့် အတော်ပင်
ရှုပ်ထွေးလို့နေသည်။ ညကမြင်လိုက်
သည်များကို ဟွားဟွားကို ထုတ်ပြော
ပြရန်သာ ဆုံးဖြတ်လိုက်ပြီး မီးဖိုခန်း
ထဲသို့ ဦးတည်လိုက်၏။အရင်နေ့များကထက် တိတ်ဆိတ်
နေသော အိမ်ကြီးကြောင့် သူစိတ်များ
ဟာ လေးလံလာသည်။
အရှင့်ကိုလည်း စိတ်ပူလှပါပြီဆိုမှ
အရိပ်လေးတောင်မတွေ့ရပေ။
သူဘယ်လိုများ လုပ်ရမည်လဲ။
ညစ်ညူးလာတဲ့စိတ်အစုံကြောင့်မျက်နှာဟာလည်း ညိုးငယ်လို့လာ၏။
![](https://img.wattpad.com/cover/321110506-288-k752720.jpg)
ESTÁS LEYENDO
TᕼE ᗷᖇIᗪE ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳
Misterio / Suspenso(U) အရှင့်ရဲ့သတို့သမီးတွေထဲကတစ်ယောက် ဖြစ်ခွင့်ရရုံနဲ့ကျွန်တော်မျိုးကျေနပ်ပါရဲ့လေ။ . . (Z) အရှင့်ရဲ့သတို့သမီးတွေထဲကတစ်ယောက် ဖြစ်ခွင့်ရရုံနဲ့ကျွန်တော်မျိုးကျေနပ်ပါရဲ့လေ။