Part...29

4.5K 389 33
                                    

တလမ်းလုံးအရှင့်က ရှောင်းကျန့်ကို
ကုန်းပိုးလာပြီး စံအိမ်ကြီးဆီပြန်
ရောက်တော့လည်း အိမ်ထဲအထိချီပိုး
ပေးလာသည်။ အခန်းထဲရောက်
တော့မှ ကုတင်ထက်ငြင်သာစွာချပေး
ပြီး အရှင်ကိုယ်တိုင်ကလည်း ရှောင်း
ကျန့် ဘေးတွင် ဝင်ထိုင်သည်။
အရှင်က တလမ်းလုံးစွမ်းအား နည်း
နည်းမှမသုံးဘဲ ရှောင်းကျန့်ကို သူ့ရဲ့
လူသားခန္ဓာရှိ အစွမ်းအစနဲ့သာ
ချီလာ၍ ခန္ဓာ၏ သဘာဝအတိုင်း
ပင်ပန်းနွယ်နယ်မှုကို ခံစားနေရ၏။
ခဏလောက်များ ငြိမ်နေလိုက်ရင်
အဆင်ပြေလောက်မည်ဆိုသည့်စိတ်နဲ့
ရှောင်းကျန့်ဘေးတွင် ဝင်ထိုင်နေခြင်း
ဖြစ်သည်။

ရှောင်းကျန့်ကတော့ ဘေးတိုက်မြင်
နေရသည့် အရှင့်၏ ယောက်ျားပီသ
လွန်းတဲ့ မျ​က်နှာကိုငေးကြည့်ရင်း
နဖူးမှစီးကျနေသော ချွေးပေါက်များ
ကိုမြင်တော့ သူ့အင်္ကျီ လက်အနားစနှင့်
ခပ်ဖွဖွသုတ်ပေးသည်။
မောနေပုံရတဲ့ အရှင်ကြောင့် ကုတင်
ဘေးရှိစားပွဲပေါ်မှ ကြွေခွက်ကိုယူကာ
ရေငှဲ့တိုက်သည်။

"အရှင် သောက်လိုက်နော်"

"အရမ်းမောနေလားဟင်"

"ကျွန်တော်မျိုးက တော်တော်မကောင်း
တာပဲ ကိုယ့်အတွေးကိုပဲကိုယ် ဦးစားပေးပြီး အရှင့်ဘက်ကို မငဲ့ကြည့်မိခဲ့ဘူး"

"ခွင့်လွှတ်ပါနော် အရှင်"

အရှင်ကရေသောက်နေရင်းမှသူ့ကို
မမှိတ်မသုန်ကြည့်နေ၏။
ရှောင်းကျန့်လည်း ကုတင်အောက်
ထိုင်ချလိုက်ပြီး အရှင့် ခြေထောက်
ကို အသာယူကာ ဖိနပ်ချွတ်ပေးလိုက်
သည်။ ​

"မင်းလုပ်စရာမလိုပါဘူး တခြား
လူတွေလာလုပ်ပေးလိမ့်မယ်"

"ကျွန်တော်မျိုးပဲ လုပ်ပေးပါရစေ"

"သေချာလို့လား"

မယုံကြည်ဟန်ပြန်တောင်မေးနေသည့်
အရှင့်ကို ရှောင်းကျန့်ကမျက်လုံးလှန်
ကြည့်သည်။

"မေးစရာလိုပါသလား အရှင်
ကျွန်တော်မျိုးက အရှင့်ကိုအလုပ်
ကျွေးပြုချင်ပါတယ်"

"အရှင်က ကျွန်တော်မျိုးရဲ့အိမ်ထောင်
ဖက်ဆိုတော့ ဒါက အရှင့် အပေါ်
ကျွန်တော်မျိုးရဲ့ လေးစားမှုကိုပြတဲ့
နည်းလမ်းတစ်မျိုးပါပဲနော်"

TᕼE ᗷᖇIᗪE ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Où les histoires vivent. Découvrez maintenant