စကြာဝဠာကြီး မှာ သက်ရှိတွေအားလုံး
ကို ထိန်းချုပ်ဖို့ စည်းကမ်းချက်မျိုးစုံ
ရှိကြသည်။ထိုစည်းကမ်းချက်တွေကိုတော့ ကြမ္မာရေးနတ်မင်းစီမံပေးလျှက်ရှိ
သည်။နတ်ဘုရားတွေကသက်ရှိမျိုးစုံကိုဖန်ဆင်းခဲ့ကြပြီး မတူညီတဲ့စည်းကမ်းချက်မျိုးစုံကိုရှိစေခဲ့သည်။ မတူညီတဲ့သက်တမ်းတွေကိုပိုင်ဆိုင်ထားပြီး မတူ
ညီတဲ့တာဝန်တွေလည်းကို အသီးသီး
ထမ်းဆောင်ကြရသည်။ ကြမ္မာနတ်ဘုရားသတ်မှတ်ပေးတဲ့အရာတွေကို ဖျက်ဆီးခြင်းပြုမည်ဆိုလျှင်တော့ သင်ဟာမည်မျှပင် ကြီးကျယ်မြင့်မြတ်တဲ့ ကံကြမ္မာနဲ့
မွေးဖွားလာပါစေ မလွှဲဧကန်တော့ အပြစ်
ခံရမှာပင်ဖြစ်သည်။ တစ်ဦးကံကြမ္မာကို တစ်ဦး နှောင့်ယှက်ခွင့်မရှိသလို ကောင်း ကင်ဘုံက သတ်မှတ်ချက်ကို ဖျက်ဆီးဝေဖန်ခွင့်လည်း မရှိပေ။သို့သော် စကြာဝဋ္ဌာကြီးစတင်ဖြစ်ပေါ်
လာတည်းက ကြမ္မာရေးနတ်မင်းရဲ့စီမံမှုတွေကိုပြစ်တင်ဝေဖန်ခဲ့သော ထာဝရရှင်
သန်သူတွေရှိသလို နှုတ်ရေးနဲ့သာ
တက်နိုင်တဲ့ မြူမှုန်လောက်သက်တမ်း
တိုတိုလေးသာ ပိုင်ဆိုင်ထားတဲ့ လူသား
တွေလည်း အများအပြားရှိခဲ့သည်။ဝမ်ရိပေါ်....
သူကတော့ လူဘုံလောကလည်းမဟုတ်
ကောင်းကင်းဘုံ၏ပိုင်နက်မှာလည်း
မရှိတဲ့နေရာတစ်ခု ဘဝ၏ အိုခြင်း၊
နာခြင်း၊သေခြင်းဆိုသည့်အရာတွေ
ရှိသည့် ဟုန်ထျန်းဆိုသည့် ဘုံတစ်ခုက
စစ်နတ်ဘုရားတစ်ပါးဖြစ်သည်။ဟုန်ထျန်းဘုံတွင် အလွန်လှပသော
ပန်းမျိုးစုံရှိပြီး ထိုဘုံရှိသတ္တဝါများကလည်း ကျားမစပ်ယှက်ခြင်းမရှိဘဲ ပန်း
များကမွေးဖွားနေမွေးဖွားလာခြင်းဖြစ်ကြ၏။ သိုပေမယ့် ဟုန်ထျန်းဘုံက
မည်သူမဆို သေဆုံးသွားတဲ့အခါ
မေ့ဖျောက်ခြင်းမြစ်ကို ဖြတ်သန်းနိုင်
ပါစေအုံး ကောင်းဘုံကိုတော့တက်လှမ်း
ဖို့အခွင့်ရေးမရှိတဲ့ ကျိန်စာသင့်ဘုံတစ်ခု။ဟုန်ထျန်းဘုံ၏ အမြင့်မြတ်ဆုံးနှင့်
ကောင်းကင်ဘုံကနတ်ဘုရားတွေပါ
အလေးထားရသည့် ကျူရှားပန်းပွင့်မှ
မွေးဖွေးလာတဲ့ ဝမ်ရိပေါ်၏အစွမ်းဟာ
ကြမ္မာနတ်ဘုရားရဲ့အလိုကျ အမြင့်ဆုံး
မှာရှိခဲ့ပြီး လေကိုပင်အလိုကျ စေစား
နိုင်လေသည်။
ESTÁS LEYENDO
TᕼE ᗷᖇIᗪE ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳
Misterio / Suspenso(U) အရှင့်ရဲ့သတို့သမီးတွေထဲကတစ်ယောက် ဖြစ်ခွင့်ရရုံနဲ့ကျွန်တော်မျိုးကျေနပ်ပါရဲ့လေ။ . . (Z) အရှင့်ရဲ့သတို့သမီးတွေထဲကတစ်ယောက် ဖြစ်ခွင့်ရရုံနဲ့ကျွန်တော်မျိုးကျေနပ်ပါရဲ့လေ။