Part...2

10.8K 814 12
                                    

အရှင်...

            ထိုစံအိမ်ကြီးရဲ့အရှင်သခင်ကိုအများက မမြင်ဖူးကြသည့်တိုင်၊မရင်းနှီးကြသည့်တိုင် ဝမ်လူကြီးမင်း ဟု တလေးတစားခေါ်ဝေါ်ကြပြီး လူတိုင်းရဲ့အသိ
စိတ်ထဲမှာ သူဟာ မည်မျှခမ်းနားကြောင်းကိုသာ စွဲလမ်းနေကြ၏။
တကယ်တမ်းသူရဲ့ဖြစ်တည်မှုကဘာလဲ။မည်သူမျှခန့်မှန်းနိုင်လိမ့်မည်မဟုတ်။
သူဟာလျို့ဝှက်ချက်များနှင့် ပြည့်နှက်
နေသလို အားနည်းချက်များနဲ့လည်း
ဝန်းရံထားကြောင်း မည်သူမှသိလိမ့်
မည်မဟုတ်ပေ။

နက်မှောင်နေတဲ့ အိမ်ကြီးရှိ အခန်းတစ်ခု၏ ခပ်မြင့်မြင့် ခုံတစ်ခုမှာ ပလ္လင်တစ်
ခုအလား ခမ်းနားစွာရှိနေသည်။ ထိုခုံမြင့်ပေါ်တွင် ထိုင်နေသူမှာ ရိုးရာသတို့သားဝတ်စုံအနီကို ဝတ်ဆင်ကာ မျက်လုံးစုံ
မှိတ်ထားသည့်တိုင် စုကျုံ့ထားသောမျက်ခုံးတန်းတို့​ဟာ ပြေလျော့နေခြင်း
မရှိတာကြောင့် သူ့အပါးခစားနေကြ
သော လူတစ်ချို့မှာ ဝင်သက်ကိုပင်
ခိုးရှုသွင်းနေကြရတဲ့အဖြစ်သို့ ရောက်
ရှိနေသည်။ ဖြူဖျော့ကာ အားအင်ကုန်
ခမ်းနေသော်လည်း သူရဲ့အရှိန်အဝါဟာအနည်းငယ်တောင် လျော့နည်းလို့​မသွား။ပို၍ပင် ကြောက်စရာကောင်းနေသလို ရက်စက်ကြမ်းကြုတ်သည့် အသွင်ဟာလည်း အထင်းသား ပေါ်လို့နေသည်။

သူတို့၏ အရှင်သခင်အရှေ့ဒူးထောက်
လို့ ခေါင်းငုံ့ထားကြသူများထဲမှ ကောင်လေးတစ်ယောက်ဟာ မျက်လုံးလှန်လို့
သူ၏အရှင်အား ခိုးကြည့်ဖို့ကြိုးစားနေ
သည်။

ယနေ့မှ သူဟာ အရွယ်ရောက်လို့အရှင့်
ထံပါးခစားဖို့ တာဝန်ကျတဲ့ကောင်ငယ်
လေးတစ်ယောက်။ မြင်တော့မော်ဖူးချင်
စိတ်ကြောင့် အရဲကိုးကာ မျက်လုံး
လှန်ကြည့်ချိန်မှာ ပထဆုံးမျက်လုံးအိမ်
ထဲ နေရာယူလာသည်က အရှင်ရဲ့ဖြူ
ဖျော့ဖျော့ဖြစ်နေသည့် ခြေချောင်းတွေသာဖြစ်၏။ဝတ်ရုံဖုံးနေသဖြင့်ခြေချောင်းထိပ်တွေကိုသာ မြင်နေရ၏။

တဖြည်းဖြည်းချင်း ခေါင်းကိုမော့လိုက်
ပြီး အရှင်ရဲ့မျက်နှာအားမြင်တွေ့ခွင့်ရလိုက်ချိန် သူဟာမျက်တောင်ခတ်ဖို့မေ့
နေသလို လိုအပ်သည့် လေပမာဏကိုလည်း ရှုသွင်းဖို့ မေ့လျော့သွားခဲ့သည်။အရှင်ကခေါင်းစောင်းလို့ လက်ညိုးတစ်ချောင်းနှင့် နားထင်ကိုထောက်ထားပြီး
တလောကလုံးကို အလိုမကျဟန် တွန့်
ချိုးထားတဲ့ မျက်ခုံးတန်းများဟာ
အချင်းချင်တောင် ထိစပ်လုမတတ်။
ခပ်မြင့်မြင့်နှာတံအောက်မှ တင်းတင်း
စေ့ထားသော နှုတ်ခမ်းတစ်စုံကိုကြည့်
မိချိန် တင်းကြပ်လာတဲ့ ဝဲရင်အုံကြောင့်အသက်ရှုသွင်းရန် သတိရသွားသည့်
ကောင်ငယ်လေးဟာ ခပ်လောလောနှင့်
ပါးစပ်လေးဟလို့ လေကိုရှုသွင်းလိုက်
၏။ တိတ်ဆိတ်လွန်းနေသည်ထက်ပို
သည့် ပတ်ဝန်းကျင်ကြောင့်သူရဲ့အသက်
ရှုသံမှာ ခပ်တိုးတိုးထွက်ပေါ်သွားခဲ့၏။

TᕼE ᗷᖇIᗪE ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now