ရှောင်းကျန့် က နိုးနိုးချင်း သူ့ဘေးမှာ
အရှင်မရှိတော့သည်ကြောင့် ဆတ်ခနဲ
ထထိုင်မိသည်။ အောင့်မျက်သွားသည့် ပေါင်တံကြောင့် နှုတ်မှ ထုတ်ညည်း
မိတော့ အရှင်က အထဲသို့ဝင်လာရင်း
သူကို တစ်ချက်မျှသာကြည့်ပြီး မျက်
နှာလွှဲသွားလေသည်။"ဘာဖြစ်လို့လဲ"
"ဘာ...ဘာမှမဖြစ်ပါဘူး"
အရှင် သူ့ကိုဘာကြောင့်များမျက်နှာ
လွှဲထားသည်လဲ စဥ်းစားနေတဲ့
ရှောင်းကျန့်မှာ ရုတ်တရက် အရှင်က
သူ့အနားရောက်လာတော့ ကိုယ်ကိုရို့
လိုက်မိ၏။"အ...အရှင်"
ပခုံးထက်မှ လျှောကျနေသည့်ဝတ်ရုံစ
ကို အရှင်က ဆွဲတင်ပေးလာသဖြင့်
ရှောင်းကျန့် လည်း တစ်ကိုယ်လုံးပူထူ
သွားပြီး လက်နှစ်ဖက်ကိုယှက်ကာ
သူ့ရင်ဘတ်ကိုသူ ကာလိုက်သည်။တဖန်အရှင်က သူ့ခြေထောက်ကို
ဆွဲယူနေသည်ကြောင့် ကြောင်အ နေမိ
တုန်း ခွဲထားသည့်ဝတ်ရုံစကို လှန်လိုက်
သဖြင့် လန့်ကာရုန်းလိုက်မိသည်။"ဘာလုပ်မလို့...လဲ"
"ဘာလုပ်မယ်ထင်လို့လဲ"
"အရှင်! ဖွားဖွားရှိတယ်လေ"
ပြုံးယောင်သန်းသွားသည့် အရှင့်၏ နှုတ်ခမ်းတစ်စုံကြောင့် ခြေနှစ်ချောင်းကို လိမ်ယှက်ကာကိုယ်လေးကို ကျုံ့လို့
ခေါင်းငုံ့ထားမိသည်။"ဒါက ရှက်နေတဲ့မင်းရဲ့အပြုအမှုလား"
"ဗျာ"
ဝတ်ရုံစအလှန်ခံရတာကို မရှက်ဘဲ
နေရမှာလားဟင်လို့ ပြန်မေးချင်စိတ်ကို မျိုသိပ်ကာ အရှင်ကို မျက်စောင်းသာ
ခဲမိ၏။"ကြည့်ကောင်းတယ်"
"ဗျာ"
မျက်လုံးဝိုင်းဝိုင်းလေးဖြင့် သူ့ကိုကြည့်
လာသော ကောင်လေး၏ မျက်လုံးတွေ
ကို အရှင်က လက်ဖဝါးဖြင့် ဖိအုပ်လိုက်သည်။ ပြီးနောက်စိတ်လိုရလက်ရ
အပြုံးတစ်ခုပြုံးသည်။တကယ်ဆို ရှောင်းကျန့် ရှက်နေတဲ့
ပုံကိုကြည့်ပြီး သူ့တစ်ကိုယ်လုံးမှာ
ပိုးမွှားသေးသေးလေးတွေ တက်လာ
သလို ခံစားရပြီး ဖျစ်ညစ်ပစ်ချင်စိတ်
မှာလည်း လှိုက်လှိုက်လှဲလှဲကို ပေါ်လာ
လေသည်။
![](https://img.wattpad.com/cover/321110506-288-k752720.jpg)
ESTÁS LEYENDO
TᕼE ᗷᖇIᗪE ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳
Misterio / Suspenso(U) အရှင့်ရဲ့သတို့သမီးတွေထဲကတစ်ယောက် ဖြစ်ခွင့်ရရုံနဲ့ကျွန်တော်မျိုးကျေနပ်ပါရဲ့လေ။ . . (Z) အရှင့်ရဲ့သတို့သမီးတွေထဲကတစ်ယောက် ဖြစ်ခွင့်ရရုံနဲ့ကျွန်တော်မျိုးကျေနပ်ပါရဲ့လေ။