Part...9⚠

11.8K 789 60
                                    

"ကြောင်...ကြောင်လေးလား"

"အာ့"

ခပ်တိုးတိုးထွက်လာတဲ့အသံကြောင့်
ရိပေါ်တစ်ကိုယ်လုံးတောင့်တင်းသွားပြီး သူစုပ်နေရာလက်ချောင်းလေးကို ယောင်ရမ်းလို့ဖိကြိတ်မိတာကြောင့် နာသွားတဲ့လူပိန်းလေးဆီမှ ညည်းသံသဲ့သဲ့ထွက်ပေါ်လာသည်။

"ဟင့်...နာတယ် ကြောင်လေး "

ယောင်နေပုံရတဲ့လူပိန်းလေးဟာ ရိပေါ်
လျှာဖျားထက်နေရာယူပြီးသား လက်ညိုး လေးအားလှုပ်လို့ တအီအီညည်းဆိုသည်။
လျှာဖျားအိအိပေါ် လာရောက်ကလူနေတဲ့
လက်ကြောင့် အသက်ရူဖို့ပင်မေ့လျော့လို့ တစ်ခဏအတွင်း ဗီဇဖောက်ပြားလာ
သော ခန္ဓာကြောင့် အာခံတွင်းမှလက်
ချောင်းကို ဆတ်ခနဲ ထုတ်လိုက်သည်။

"အင့်...နာသေးတယ် "

သေရည်ပြင်းကြောင့် မထနိုင်သော
လူပိန်းလေးဟာ မွေ့ယာထက်လူးလိမ့်
လို့တအီအီလုပ်နေလေသည်။
သွားဖြင့်ဖိကြိတ်ခံလိုက်ရတဲ့ လက်ညိုးလေးဟာ သွေးတိတ်သွားပေမယ့် ပေါက်
ပြဲရာတော့ရှိနေသေးသည်။ ဆက်၍ ငုံခဲ
ဖို့မဆိုနှင့် လူပိန်းလေးရဲ့မျက်နှာအား စေ့စေ့ပင်မကြည့်နိုင်တော့တာကြောင့်
ထိုင်နေရာမှထရပ်လိုက်ပြီး လှည့်ထွက်
မည်အပြု သူ့လက်ချောင်းတွေဆီမှာခံစား
လိုက်ရတဲ့အနွေးဓာတ်ကြောင့် ပြန်ကြည့်
မိသည်။

လူပိန်းလေးက သူ့လက်ချောင်းတွေကို
ဆုပ်ကိုင်ပြီးမျက်နှာနှင့် လည်ပင်းကြားညှပ်လို့ နှုတ်ခမ်းတလှုပ်လှုပ်နှင့် ဘာတွေရေရွတ်လို့ရေရွတ်မှန်းမသိ ရေရွတ်နေသည်။ လူပိန်းလေး လည်ပင်းကြား ရောက်နေတဲ့လက်ကို ပြန်ရုတ်သော်လည်းအလွှတ်မပေး။တင်းတင်းဆုပ်ကိုင်ထား သည်။

မူမမှန်တဲ့ခန္ဓာကြောင့် သွေးကြောမျှင်
တစ်မျှင်စီတိုင်းကို ထိန်းချုပ်ကြည့်ပါသော်လည်းမရ။ သူ့အသိအာရုံများဟာ
ရဲစိုလို့လှုပ်စိလှုပ်စိဖြစ်နေသော နှုတ်ခမ်းလေးဆီကိုသာရောက်နေ၏။

"ငပိန်းလေး မင်းအပေါ် ငါတော့အပြစ်
လုပ်မိတော့မယ် "

ကိုယ့်နှင့် မင်္ဂလာမဆောင်ရသေးသော
လူအပေါ်မှာရှိနေတဲ့ စိတ်နဲ့၊ဖြစ်နေတဲ့ခန္ဓာ၏မူမမှန်မှုကြောင့် အခက်တွေ့နေသည်။

TᕼE ᗷᖇIᗪE ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Où les histoires vivent. Découvrez maintenant