"ကျွန်တော်မျိုး အရှင့်ကိုအရမ်းကြောက်တယ်"
"ဒါပေမယ့်"
"အများကြီး ချစ်တုန်းပဲ..."
"အင့်"
ပခုံးမှဆွဲယူလို့ ရင်ခွင်ထဲထည့်ကာ
ပွေ့ဖက်လိုက်တဲ့အရှင့်ကြောင့် ရှောင်း
ကျန့်မှာ အင့်ခနဲတောင်ညည်းယူရ၏။
တစတစပိုတိုးလို့ ဖက်လာသဖြင့်အရှင့်ကျောပြင်ကို ခပ်ဖွဖွပုတ်လိုက်၏။"လွှတ်...လွှတ်ပေးပါ"
သူ့စကားကြောင့် အသာလွှတ်ပေးပြီး
မယုံနိုင်သောမျက်ဝန်းများနှင့် ကြည့်လာ၍ ရှောင်းကျန့်လည်းစိတ်မကောင်းဖြစ်သွားရသည်။အရင်အချိန်များဆို အရိုးတွေကျိုးကြေသွားသည်အထိဖက်ထားလည်း သူကျေကျေနပ်နပ်ကြီးခံယူပစ်မှာ။
အခုတော့မရဘူးလေ။ သူ့မှာကလေး
လေးရှိနေပြီ။ အရှင်အားကြီးနဲ့ဖက်နေ
မှာတော့ ဗိုက်ထဲက ကလေးလေးပါ
နာသွားမှာပေါ့။"က...ကလေးလေးရှိလို့လေနော်"
"ဟား...မင်းကွာ"
မဖက်မခံချင်တော့ဘူးထင်နေခဲ့တဲ့
အရှင်ဟာ မျက်နှာတစ်လုံးအပြင်
လည်တိုင်တစ်လျှောက်ပါ ရဲတက်လို့
ပြောလာသည့်စကားကြောင့် ရှောင်း
ကျန့်၏ ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ကာ
ခေါင်းမော့လို့ ရယ်သည်။တစ်ကိုယ်လုံးကို တောင်နံရံများနှင့်
အရှိန်ပြင်းစွာရိုက်ခတ်ထားတဲ့ဒဏ်
ကြောင့်ရယ်လိုက်သည်နှင့် နံရိုးများဟာအောင့်မျက်လာသည်။ မျက်တောင်
မခတ်တမ်းကြည့်နေတဲ့ကောင်လေး
ကြောင့် မျက်နှာမပျက်သွားအောင်ထိန်းထားရသည်။"အရှင်"
"ကျွန်တော်မျိုး ကို ချစ်လားဟင်"
"မင်းမေးဖို့လိုသေးလို့လား"
လူပိန်းလေးကတော့မပြောင်းလဲတဲ့ သူ့ရဲ့လူပိန်းလေးပါပဲ။
အနည်းငယ်ဆူထော်သွားတဲ့နှုတ်ခမ်းလေးကိုမြင်တော့ အရှင်ကပြုံးရင်း ရှောင်းကျန့်ကို ရင်ခွင်ထဲထည့်လို့ပွေ့ဖက်သည်။ အလိုက်သင့်ပါလာတဲ့ကောင်လေးက
သူ့လက်ကိုယူကာ ဗိုက်အပေါ်အုပ်ကိုင်စေသည်ကြောင့်ရင်ထဲတွင် တလှပ်လှပ်ဖြစ်လာသည်။ နှုတ်ခမ်းပြည့်ပြည့်တစ်စုံပေါ်မှ အပြုံးများဟာလည်း ရပ်တန့်လို့
မရ။
YOU ARE READING
TᕼE ᗷᖇIᗪE ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳
Mystery / Thriller(U) အရှင့်ရဲ့သတို့သမီးတွေထဲကတစ်ယောက် ဖြစ်ခွင့်ရရုံနဲ့ကျွန်တော်မျိုးကျေနပ်ပါရဲ့လေ။ . . (Z) အရှင့်ရဲ့သတို့သမီးတွေထဲကတစ်ယောက် ဖြစ်ခွင့်ရရုံနဲ့ကျွန်တော်မျိုးကျေနပ်ပါရဲ့လေ။