Part...22

5.3K 468 15
                                    

သစ်ပင်ကြီးရဲ့ပင်စည်ကိုဖက်တွယ်ရင်း ရှောင်းကျန့် အပင်ပေါ်သို့တက်ခဲ့သည်။ အပင်ပေါ် ရောက်သည်နှင့် အပေါ်စီး မှာ မြင်ကွင်းဖြင့် ပတ်ဝန်းကျင်ကို ​ကျီးကန်းတောင်းမှောက်ကြည့်နေ၏။ နှုတ်မှလည်း သူရဲ့မာနကြီးတဲ့ကြောင်ဖြူလေးအား အော်ဟစ်လို့ ခေါ်​နေလေသည်။

"ကြောင်အရှင်လေး ရေ ထွက်လာပါအုံးကွာ ငါ့မှာမင်းနဲ့တွေ့ချင်လို့ ခိုးပြီးထွက်
လာရတာကွ"

အခုသူက အရှင်အခန်းထဲမှ မထွက်ခြင်းကို အခွင့်ကောင်းယူကာ တောအုပ်ငယ်
ထဲသို့ ခိုးထွက်လာခြင်းဖြစ်၏။

အတိအကျပြောရရင် ခိုးထွက်လာခြင်း
အမှုတော့မမြောက်။ ဟွားဟွားကို
သူပြောခဲ့သည်လေ။ အရှင့်ကိုပဲမပြော
ခဲ့တာ။ ပြောရအောင်လည်း အရှင့်ရဲ့
အခန်းတံခါးဝနားတောင် သူ့မှာကပ်
ခွင့်ရှိတာမဟုတ်။

"ဟွန့်...ကြီးကျယ်လိုက်တာလဲပြောမနေနဲ့"

ရှောင်းကျန့် က ဟွန့်ခနဲမဲ့ပစ်ပြီးသစ်ပင်ပေါ်မှ ပြန်ဆင်းခဲ့သည်။ဂွီခနဲမြည်လာတဲ့ ဗိုက်ကိုပွတ်ရင်းအိမ်ပြန်ဖို့သာတွေးလိုက်သည်။ကြောင်စုတ်လေးကလည်းသူဒီလောက်အော်ခေါ်နေတာ တောင် ထွက်မလာတာကြောင့်စိတ်ဆိုးမိသည်။
နောက်တစ်ခါတွေ့ရင် စိတ်ဆိုးပစ်မည်ဟုလည်း တွေးထားလေသည်။

"ဗိုက်ဆာလိုက်တာကွာ"

ကောင်းကင်ကိုမော့ကြည့်လိုက်တော့
ညအမှောင်ဘက်ကို တဖြည်းဖြည်း
ကူးပြောင်းနေပြီဖြစ်၏။ဗိုက်ကဆာနေလို့ လူကလမ်းလည်းမြန်မြန်မလျှောက်နိုင်။
အခုလိုလျှောက်နှုန်းနဲ့ဆို အရှင့်ရဲ့
ခြံကိုတော်တော်ကြာမှ သူရောက်ပေ
လိမ့်မည်။ အရှင်သာ အခန်းပြင်ထွက်
လာလို့ သူရှိမနေရင် အဆူခံထိမလား
အခုမှတွေးမိကာ ဆံစများကိုထိုးဖွမိသည်။

"ရူးချင်တာပဲသိတယ်ကွာ"

"ကြောင်လေးနဲ့လည်း မတွေ့ရဘူး"

"အဆူကခံရအုံးမယ်"

မျက်နှာကိုလက်ဖဝါးနှစ်ဖက်ဖြင့်သပ်ချယနေမိတုန်း သူ့မျက်စိအရှေ့မှာရုတ်တရက်ပေါ်လာသည့် အရှင်ကြောင့် လန့်ကာ ဖင်ထိုင်လျက်လဲကျသွားသည်။

TᕼE ᗷᖇIᗪE ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now