"ရှောင်းကျန့် !
"မင်းဘာတွေလုပ်ထားတာလဲ"
ဒေါမာန်နှင့်သူပခုံးစွန်းကို လှုပ်ရမ်းလိုက်တဲ့ အရှင့်ကြောင့် ရှောင်းကျန့်ကြောက်စိတ်ဝင်လာပေမယ့် ဟွားဟွားပြောခဲ့သည့် 'ကိုယ့်အိမ်ထောင်ဖက်ကိုကြောက်စရာ
မလိုဘူး အရိုသေမတန်ရင်ဘဲ ရပြီ' ဆိုတဲ့ စကားကို ကြားယောင်လာပြီး ဝေ့ဝဲချင်
နေသည့် မျက်ရည်များကို ချက်ချင်း
သိမ်းဆည်းလိုက်သည်။နာကျင်နေသည့်ပခုံးစွန်းလေးကြောင့်
မဲ့ကျနေသည့် မျက်နှာလေးကိုအခွင့်အရေးယူကာ အရှင်ရင်ခွင်ထဲတိုးဝင်ပစ်
သည်။"လက်လေး က ခိုက်မိသွားတာပါ အရှင်ရဲ့...အရမ်းနာနေလို့ အနိုင်မကျင့်ပါနဲ့နော်"
သွေးများပေကျံနေသည့်ရှောင်းကျန့်ရဲ့ အင်္ကျီကိုတွေ့ပြီး ဘာမှမတွေးနိုင်အောင်
ပူထူသွားတဲ့ အရှင်ဟာအရာရာကို သိမြင်နိုင်သည်အထိစွမ်းအားကြီးနေပါလျက်နဲ့ သူ့ရှေ့ကကောင်လေးရဲ့ လက်ညိုးမှ ဒဏ်ရာကို စိုးရိမ်စိတ်ကြောင့် မမြင်ခဲ့ပေ။
ရင်ခွင်ထဲ အတင်းတိုးဝင်လာပြီးပြောလာသည့်စကားကြောင့် အနည်းငယ် စိတ်အေးသွားရသည်။အနိုင်မကျင့်ပါနဲ့ ဆိုသည့်စကားသံတိုးတိုးကြောင့် ပခုံးကိုတင်းကြပ်နေအောင်ဆုပ်ကိုင်ထားမိသည့် လက်တို့ကို သူ့ရင်ဘတ်မှာကပ်နေတဲ့ကောင်လေးရဲ့
ခါးသိမ်လေးထက်ပြောင်းရွေ့လိုက်မိ၏။ရှောင်းကျန့်ကတော့ သူ့ခါးထက်ရောက်လာတဲ့ လက်တစ်စုံကြောင့် ခုန်ပေါက်လာသည့် နှလုံးသားလေးကို
ခံစားမိလာသဖြင့် ပြုံးယောင်သန်းလာ
သောနှုတ်ခမ်းတစ်စုံကို အရှင် မမြင်စေဖို့ အောက်နှုတ်ခမ်းကို ဖိကိုက်ထားမိသည်။"ပြစမ်း"
အရှင်က အပြုအမှုနဲ့မှမလိုက်ထွက်လာသော မာဆတ်ဆတ်လေသံကြောင့်
ရှောင်းကျန့်မှာ ရယ်ချင်စိတ်ကိုမြိုသိပ် ထားရပြန်သည်။ သူ့လက်ကို ယူကြည့်နေတဲ့အရှင်ဟာမျက်မှောင်ကြီးကုတ်လို့ တောက်ခတ်လိုက်သည်ကြောင့် တုန်တက်သွားရသည်။ ဘယ်လောက်ပဲ အရှင်နဲ့ရင်းနှီးကျွမ်းဝင်လာပါတယ် ပြောပြော ကြောက်စိတ်အနည်းငယ်တော့ သူ့မှာ
ကျန်ရှိနေဆဲဖြစ်၏။
YOU ARE READING
TᕼE ᗷᖇIᗪE ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳
Mystery / Thriller(U) အရှင့်ရဲ့သတို့သမီးတွေထဲကတစ်ယောက် ဖြစ်ခွင့်ရရုံနဲ့ကျွန်တော်မျိုးကျေနပ်ပါရဲ့လေ။ . . (Z) အရှင့်ရဲ့သတို့သမီးတွေထဲကတစ်ယောက် ဖြစ်ခွင့်ရရုံနဲ့ကျွန်တော်မျိုးကျေနပ်ပါရဲ့လေ။