Part...44

5K 397 23
                                    

ချစ်ခြင်းမေတ္တာတွေနဲ့ ချည်နှောင်ထား
ပြီး ထွက်သွားခွင့်မပြုဘူး ပြောနေတဲ့
လူပိန်းလေးရဲ့ ငိုသံများဟာအရှင့်နှလုံး
သားကို ရိုက်ခတ်လာသည့်ကြောင့်
နာကျင်မှုဝေဒနာကို အံကြိတ်လို့တင်းခံ
ရင်း ရှောင်းကျန့်ရဲ့မျက်နှာကိုအုပ်ကိုင်
လိုက်သည်။ ငိုထားသည့်အရှိန်ကြောင့်
ရဲတက်နေတဲ့ မျက်နှာနုနုပေါ်မှာ ရောက်
နေသည့် အရှင့်၏လက်ချောင်းထိပ်များ
မှာဟာ အကြည်ရောင်သို့ပြောင်းလာပြီး
ပါးပြင်ပေါ်မှ ရှောင်းကျန့်၏ မျက်ရည်
များကို ဖျောက်ထွင်းလို့မြင်နေရပြီ
ဖြစ်၏။

"မင်းမငိုပါနဲ့ မင်းမျက်ရည်တွေက ငါ့ခန္ဓာကို ပိုပြီးဆိုးရွားစေတယ်"

ရှောင်းကျန့်ကိုချန်ရစ်ခဲ့ရမှာစိတ်မချ
လွန်းလို့သူ့ခန္ဓာက ပိုဆိုးရွားလာနေပြီ။
အချိန်တိုင်း အဲ့ဒီစိတ်ကြောင့်ပဲ သူဟာ
အားနည်းနေရပြီ။ တစ်ရက်လောက်လေး
ဒီလူသားအနားမှာပိုနေရနေရ ဆိုတဲဲ့စိတ်
နဲ့ သတို့သမီးရွေးချယ်ပြီး နှလုံးသားကို
အစိမ်းလိုက် ကိုယ်ဝန်သည်အိမ်ထောင်
ဖက်အရှေ့မှာ စားပြဖို့ဆိုတာ ဘယ်လို
များလုပ်ရက်မှာလဲ။ သူ့ကိုချစ်တဲ့စိတ်ကြောင့် မကြောက်ပါဘူး၊လက်ခံနိုင်ပါတယ်ပြောရင်တောင် နုငယ်နေတဲ့အချိန်
မှာ မိစ္ဆာတစ်ကောင်လို ဆိုးရွားလွန်းတဲ့
ပုံစံကို မမြင်စေချင်ပါ။

ဆုပ်လည်းဆူးစားလည်းရူး အခြေနေမှာ
စိုးရိမ်စိတ် စိတ်မချမှု ချစ်ခြင်းတရား
တွေကြောင့် အရှင့်ခန္ဓာဟာ အားနည်း
သထက်အားနည်းလာပြီ။ သူ့ရဲ့အသွေး
သားကို လွယ်ထားတဲ့လူသားဆီကနေ
လည်း ဘယ်အချိန်ထိများ သွေးတွေ
သောက်သုံးပြီးနေရမှာလဲ။မဖြစ်နိုင်ဘူး။

"အရှင်"

"ဟင့်...ကျွန်တော်မျိုးကြောက်တယ်
မထားခဲ့ပါနဲ့"

ငိုယိုလျှက်တောင်းဆိုသံကြောင့် အရှင့်
မျက်လုံး အိမ်မှမျက်ရည်ပေါက်များဟာ
အထိန်းကွပ်မဲ့ စီးကျလာပြီး မြေပြင်မှာ
လဲကျနေတဲ့ သူ့ကိုထွေးပိုက်ထားတဲ့
ရှောင်းကျန့်ရဲ့ ဗိုက်ပူပူလေးကိုလက်နှင့်
အုပ်ကိုင်သည်။ ခံစားမိလာတဲ့ရင်ခုန်သံတိုးတိုးလေးဟာ သူ့နှလုံးသားတစ်ခုလုံး
ကို ဆွဲခြေမွပစ်နေသလိုပင်။

TᕼE ᗷᖇIᗪE ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Hikayelerin yaşadığı yer. Şimdi keşfedin