"မင်းအရမ်းဆိုးမနေနဲ့"
"ငါ့အနားကိုလာ"
နောက်ပါးမှအရှင့်၏အသံကိုကြား
ပေမယ့် ခြေလှမ်းများကိုမရပ်တန့်
လက်ကိုနောက်ပစ်လို့အရှင့်ကိုကျောပေးလျက်သာ ရှောင်းကျန့်က ခုန်ဆွခုန်ဆွ
နှင့်သွားနေသည်။ သူမျက်နှာကအပြုံး
များကတော့ဘယ်လောက်များဖောသီ
နေလည်းဆို မျက်လုံးများတောင်
မှိတ်ကျလို့ ခပ်ကြီးကြီးရှေ့သွားနှစ်
ချောင်းမှာပေါ်လို့နေ၏။"ရှောင်းကျန့်!"
ခေါ်ပါလေ့စေ။သူနည်းနည်းမှအရှင့်
ကိုမကြောက်တော့ပါဘူး။ အရှင်က
သူ့လိုချစ်စရာလေးကို ချစ်နေတာပဲ။
နည်းနည်းလောက်တော့ ဆိုးသွမ်းလို့
ရတယ်မဟုတ်လား။"အမလေး"
"ပြောနေရင်းဖြစ်ပြီမှတ်လား"
မြောက်ကြွမြောက်ကြွဖြစ်နေသော
ခြေလှမ်းများကြောင့် မြေမြင်မှာရှိ
နေသောပင်စည်ကိုမမြင် ခလုတ်တိုက်
လဲတော့သည်။ အနောက်မှသူ့လက်
မောင်းကိုဆွဲကာ ခါးကိုပွေ့ဖက်လိုက်
တဲ့ အရှင့်ကြောင့် ဝမ်းလျားမှောက်
တော့လဲမသွား။ ရင်ခွင်ထဲအပြည့်အဝ
ရောက်သွားတဲ့ သူ့ကိုယ်လေးကို
အရှင်က ပြန်မတ်စေသည်ကြောင့်
မတ်လိုက်ပြီး ချက်ချင်းဆိုသလို
အရှင့်လက်မောင်းကို ချိတ်ဆွဲလျက်
ခိုကပ်လိုက်တော့ သူ့ကိုမျက်လုံးလှိမ့်
ကာ ဆူပူချင်သောအရိပ်အယောင်
များနှင့်ကြည့်လာသည်။"အိုက်ယား...ပြုတ်ကျမလိုဖြစ်သွား
တော့ ရှောင်းကျန့်လေး အရမ်းလန့်
သွားတာ နှလုံးတွေတောင်တုန်နေတယ်
မယုံရင်...အရှင်စမ်းကြည့်ပါလား""ရှောင်းကျန့်! ငါမင်းကိုရိုက်မိတော့
မယ်နော်"ဟုတ်တယ်လေ။တစ်နေ့မှာတစ်ကြိမ်
မကအမြဲခလုတ်တိုက်ရင်တိုက်
မတိုက်ရင်ချော်လဲမယ်။ နမော်နမဲ့နဲ့
ပိန်းအလွန်းတဲ့ကောင်လေးအကြောင်း
သိနေလို့ အနောက်ကနေအော်နေတာ
တောင် အရေးမစိုက်။ အခုမှ ဆူမှာ
ကြောက်လို့ နှလုံးတုန်တယ်လေး
ဘာလေးနဲ့ မူပိုပြီးပြောနေပုံက အမှန်
တကယ်ရိုက်ပစ်ချင်စရာကောင်းလှ၏။
YOU ARE READING
TᕼE ᗷᖇIᗪE ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳
Mystery / Thriller(U) အရှင့်ရဲ့သတို့သမီးတွေထဲကတစ်ယောက် ဖြစ်ခွင့်ရရုံနဲ့ကျွန်တော်မျိုးကျေနပ်ပါရဲ့လေ။ . . (Z) အရှင့်ရဲ့သတို့သမီးတွေထဲကတစ်ယောက် ဖြစ်ခွင့်ရရုံနဲ့ကျွန်တော်မျိုးကျေနပ်ပါရဲ့လေ။