"ရှောင်းကျန့်"
"မင်းငါ့ကိုအဲ့လောက်တောင်သဘောကျ
ရလား"မေ့မျောသွားတဲ့ရှောင်းကျန့်ကိုပွေ့ရင်း
အရှင်က အသံထွက်သည်အထိရယ်မိလေ၏။ သူ့ရင်ခွင်ထဲရောက်နေတဲ့ ရှောင်းကျန့်ရဲ့ မျက်နှာကိုလက်တစ်ဖက်နှင့် အုပ်ကိုင်ရင်း ယောက်ျားတစ်ယောက်တန်မဲ့
နုဖက်နေသောပါးပြင်ကို လက်မနှင့် အသာပွတ်လျက်နဖူးပြေပြေအား ဖိကပ်နမ်းသည်။အချိန်အကြာကြီး ထိတွေ့နေ
မိသည်ကို အရှင်က သူ့ကိုယ်သူသတိ
ထားမိဟန်မရှိ ရှောင်းကျန့်ပါးပြင်ကို
အုပ်မိုးကိုင်ထားသည့် သူ့လက်ပေါ်မှာ
မီးလင်းကောင်လေးတစ်ကောင်လာရောက်နားခိုတော့မှ အသိကပ်ကာ ဖိကပ်နမ်းနေရာ နဖူးပြင်မှဖယ်ခွာလိုက်သည်။ရင်ခွင်ထဲမှ ရှောင်းကျန့်ကိုယ်ကို မ,ယူလျက်ထိုင်စေပြီး ပခုံးပေါ်တွင်ခေါင်းမှီစေလိုက်သည်။ ပြီးနောက်အရှင်က လက်နှစ်ချောင်းနှင့်ရှောင်းကျန့် နဖူးကိုထိတွေ့လိုက်ပြီး မကြာလိုက် မေ့မျောနေသည့်ရှောင်းကျန့်၏မျက်လုံးများဟာ ဖြတ်ခနဲ
ပွင့်လာသည်။ ခေတ္တမျှငြိမ်သက်နေပြီးမှ အခုဏကဖြစ်သွားခဲ့သည့် အခြေအနေကို
သတိရသွားဟန်နှင့် အရှင့်ပခုံးပေါ်ခေါင်းမှီထားရာမှ ဆတ်ခနဲ ထကာကိုယ်ကိုလည်း အလောတကြီးနောက်သို့ရို့လိုက်လေသည်။"အမလေး!"
ရှောင်းကျန့် လှုပ်ရှားလိုက်သည့်
အရှိန်ကြောင့် လှေငယ်မှာ လှုပ်ရမ်း
သွားသဖြင့် ကြောက်လန့်သွားသည့်
ကောင်လေး၏ခါးကို လှမ်းဖက်လိုက်
သည်။ ရှောင်းကျန့်ကလည်းဆွဲမိဆွဲရာ
နှင့် အရှင်ရင်ဘတ်မှ ဝတ်ရုံအင်္ကျီစကို ဆုပ်ကိုင်ထားလေ၏။"မကြောက်နဲ့တော့"
"ငြိမ်ငြိမ်နေ ကိုယ်ရှိတယ်"
"အရှင်..."
ခါးသိမ်လေးမှဆွဲယူကာအနားသို့တိုးစေပြီးပြောလာသည့် စကားကြောင့် ရှောင်းကျန့်မှာ သူမြင်နေကြားနေရာသမျှကို အိပ်မက်တစ်ခုလိုထင်မှတ်လျက် အရှင့်၏မျက်နှာကိုလက်ချောင်းများဖြင့်ထိတွေ့လာ၏။
အရှင်ကလည်း နီးကပ်စွာမြင်နေရ
သည့်ဝိုင်းဆက်နေသော မျက်လုံးအိမ်
မှ အိပ်မက်တစ်ခုအလား ထင်မှား
နေတဲ့ အရိပ်အယောင်များပြည့်
နှက်လာသည်ကို ခံစားမိတာကြောင့်
ပြုံးကာခေါင်းခါရမ်းမိ၏။
ESTÁS LEYENDO
TᕼE ᗷᖇIᗪE ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳
Misterio / Suspenso(U) အရှင့်ရဲ့သတို့သမီးတွေထဲကတစ်ယောက် ဖြစ်ခွင့်ရရုံနဲ့ကျွန်တော်မျိုးကျေနပ်ပါရဲ့လေ။ . . (Z) အရှင့်ရဲ့သတို့သမီးတွေထဲကတစ်ယောက် ဖြစ်ခွင့်ရရုံနဲ့ကျွန်တော်မျိုးကျေနပ်ပါရဲ့လေ။