Part...35

4.2K 346 12
                                    

"အရှင့်ရဲ့သတို့သမီးတွေက ဘယ်မှာများလဲ"

ရုတ်တရက်မေးလာသောမေးခွန်းကြောင့် ရှောင်းကျန့်၏အိပ်မက်ကိုဖမ်းဆုပ်၍မရသဖြင့် စုကျုံ့ထားသော အရှင့်ရဲ့ မျက်ခုံးတန်းများဟာချက်ချင်းဆိုသလိုပြေလျော့သွားသည်။ နက်မှောင်နေသော
မျက်စံများဟာလည်း ဖျတ်ခနဲနီသွားပြီး
အထိတ်အလန့်ဖြစ်ပုံရ၏။

အရှင့်၏မျက်စံနီများကိုမြင်ဖြစ်အောင် မြင်လိုက်တဲ့ ရှောင်းကျန့် က သူဆုပ်ကိုင်ထားရာ ပခုံးမှအင်္ကျီစကိုပိုမိုတင်းကြပ်အောင်ဆုပ်ကိုင်လိုက်မိ၏။ ထိုအခုမှ အရှင်​က အသိဝင်လာ​ပြီးစိတ်ကိုပြန်လှည်စုစည်းလိုက်ဟန်ရှိသည်။ သူ့မျက်လုံးများကိုလည်းတည့်တည့်ကြည့်ပြီး အမေးရှိလာ
သည်။

"ဘာလို့မေးတာလဲ"

သာမာန်ထက် အေးစက်နေပြီးသူဒီစံအိမ်ကြီးကိုစရောက်လာခဲ့သည့်နေ့ကအတိုင်း အရှင့်မျက်လုံးများတွင်သူ့အတွက်နွေးထွေးမှုတစ်စွန်းတစလေးတောင်မရှိ အေးစက်လို့နေသည်။

ဟင့်အင်း။မဖြစ်ရဘူး။ဒီမေးခွန်းကြောင့်အရှင်နဲ့သူ ဝေးသွားလို့မ​ဖြစ်ဘူး။

ရှောင်းကျန့်က ဝဲတက်လာတဲ့မျက်ရည်
စများကို လျှင်မြန်စွာသိမ်းဆည်းလိုက်
ပြီး အရှင်၏လည်တိုင်ကိုတင်းကြပ်စွာ
ဖက်လိုက်သည်။ ခဏအကြာမှ သူ့ခါး
ထက် ပြန်လှည်ပွေ့ဖက်လာတဲ့ လက်
တစ်စုံကို ခံစားမိကြောင့် မျက်လုံးကို
မှိတ်ချလို့ မျက်ရည်များကို လွှတ်လပ်
စွာကျဆင်းခွင့်ပေးလိုက်သည်။

"ရှောင်းကျန့် ဘာလို့ငိုနေပြန်လဲ"

"ဟင့်...အရှင်နဲ့ဝေးရမှကြောက်လို့"

ထိုစကားအဆုံးမှာသူ့ဖက်ထားရာ
အရှင့်၏ကိုယ်မှာအေးအေးဓာတ်မှာ
လှိုက်ခနဲထွက်လာသည်ကို ခံစားမိ
လိုက်ရသည်။

ဘာကြီးလဲ။ဘာတွေဖြစ်နေပြန်ပြီလဲ။

"ဟင့်...အင့် ကျွန်တော်မျိုးကိုမထားခဲ့ပါနဲ့...စွန့်ပစ်မသွားပါနဲ့နော်အရှင်နဲ့ဝေးရမှာကြောက်တယ်"

အခု သူ့ရဲ့စိတ်ထဲမှာအကြောင်းမဲ့စိုးမိုးနေသည်က အရှင်နဲ့ ဝေးရမှာကြောက်တဲ့စိတ်ပဲ။ကြောက်လွန်းလို့တဖြေး​ဖြေးအေးစက်လာတဲ့အရှင့်ခန္ဓာ ကိုလည်း လွှတ်ထွက်သွားမည့်အလား တင်းကြပ်စွာဖက်ထားမိ၏။

TᕼE ᗷᖇIᗪE ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now