Part...36

4.3K 345 14
                                    

ရှောင်းကျန့် ဒီနေ့အရမ်းပျော်နေ၏။
ဒါကတော့ အထူးအဆန်းမဟုတ်ပါဘူး။
အရှင့်ကို သူ့ရဲ့သွေးတွေ လွတ်လွတ်
လပ်လပ် ဆက်သခွင့် ရတော့မှာလေ။
ခိုးကြောင်ခိုးဝှက် လုပ်စရာမလိုတော့
ဘူး။ အရှင်လည်းအရင်ကထက်ပိုပြီး
နေကောင်းလာရတော့မယ်။
ဟိုးအရင်တည်းက သူ့သွေးတွေက
အရှင်အလိုရှိသလောက် ပေးပစ်ဖို့
ဆန္ဒကရှိပြီးသားလေ။ အခုဟွားဟွား
တို့သိသွားပြီဆိုတော့ သူ့အတွက်အရမ်း
ကိုလွှတ်လပ်သွားပြီ။စိတ်ထဲက အပျော်ဟာ ဘယ်လောက်များထိလည်းဆို
သူလှမ်းနေတဲ့ခြေလှမ်းများကတောင်
ဟိုးမိုးကောင်းကင်အထိ ပျံတက်နေလိုပင်။

"ဟွားဟွား"

"အမလေး လန့်တာလိုက်တော့"

မီးဖိုးခန်းထဲပြေးဝင်သွားပြီးတကုတ်ကုတ်နှင့် အလုပ်လုပ်နေသော ဟွားဟွားကိုလှန့်လိုက်တော့ ရင်ဘတ်ကိုဖိကိုင်ကာ တော် တော်လေး လန့်သွားပုံရသည်။

"ဘာတွေများတွေးနေလို့ အဲ့ဒီလောက်လန့်သွားရတာတုန်း စုန့်စုန့် အဖေကိုသတိတွေရနေတာလား"

"ဘယ်ကသာ...စုန့်စုန့်မှာအဖေမရှိဘူး"

"အဖေမရှိဘဲ ဘယ်လိုမွေးလာလဲ"

"စပ်စုလိုက်တဲ့လူသားလေး"

"သိချင်လို့ကို"

ဟွားဟွားကပြုံးလျက်ခေါင်းခါမိတော့
သုန်မှုန်သွားသော ရှောင်းကျန့်လေး၏
မျက်နှာ​ကြောင့် ခေါင်းလေးကိုဖွဖွပုတ်
သည်။

သူတို့ဘုံမှာ သတ္တဝါချင်စပ်ယှက်လို့
မွေးဖွားလာခြင်းမျိုးမှ မရှိတာ။
စုန့်စုန့်က သူမ၏သားဆိုပေမယ့်
လူသားတွေလို ဝမ်းနဲ့လွယ်၍မွေးထား
ခြင်းတော့မဟုတ်ပေ။ ခန္ဓာချင်းနှီးနှော
ပြီး အချစ်ဆိုတဲ့အရာကို နှလုံးသွင်းလို့
မိခင်ဝမ်းထဲမှာသန္ဓေတည်တဲ့ ပထမဆုံး ကလေးက သူတို့ဘုံကိုပြောင်းလဲစေမယ့် အရင်းမြစ်တစ်ခုဖြစ်ကြောင်း ဟောကိန်း
ရှိခဲ့ပေမယ့် ထိုအရာကိုဖျက်စီးမိတာ
​ကြောင့်ပဲ အရှင်ကအခုလို လူ့ဘုံကို
ရောက်ရှိလာပြီး ဝဋ်ကြွေးခံနေခြင်းပဲ မဟုတ်လား။

"ဟွားဟွား ဘာဖြစ်တာလဲ ရုတ်တရက်
ကြီး ငြိမ်ကျသွားတယ်"

"ဟင်း...ဒီလိုပါပဲကွယ် ဒါနဲ့အရှင့်အကြောင်းကို ဒီလူသားလေးဘယ်လိုများသိသွားလည်း ပြောပါအုံး"

TᕼE ᗷᖇIᗪE ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Nơi câu chuyện tồn tại. Hãy khám phá bây giờ