Part...16

6.6K 547 33
                                    

"မင်းကအမြဲအဲ့လိုပဲ ချစ်တယ်ပြောလိုက်တိုင်း ထွက်ထွက် ပြေးသွားတယ်"

"မာနကြီးလိုက်တဲ့ကြောင်ဆိုးလေး"

ငိုယိုထားသည်ကြောင့်ရှိုက်သံနှောသောအသံဖြင့်ညည်းဆိုရင်း ​ကြောင်လေးကို လိုက်ရှာချင်ပေမယ့်အရှင့်ဆီပြန်ချင်စိတ်က ပိုနေသည်ကြောင့်နောက်မှထပ်လာဖို့တွေးရင်း တောအုပ်ငယ်ထဲမှ ထွက်ဖို့သာခြေလှမ်း​ပြင်လိုက်သည်။သူ့ကိုပစ်ထားခဲ့သည့် အရှင့်ကိုလည်း ကောင်းကောင်းကြီးရန်တွေ့ပစ်အုံးမည်ဟုတွေးကာ သူ့နှုတ် ခမ်းလေးမှာ အလိုမကျမှုကြောင့် မဲ့ကျ
နေသည်။

" ရှောင်းကျန့်! "

နောက်ပါးမှထွက်လာသည့်ချိုသြရှတ
သော အရှင့်၏အသံကြောင့် သူ့တစ်ကိုယ်လုံးတောင့်တင်းသွားပြီး အီခနဲဝဲတက်
လာသည့် မျက်ရည်များဟာ ချက်ချင်းပင်ပါးပြင်ပေါ်သို့ ကျဆင်းလာသည်။
အသံလာရာသို့တုန်ရီစွာလှည့်ကြည့်မိတော့ အရှင့်ကသူ့အနောက်တွင် ရပ်နေလေသည်။

" အရှင်! "

ဘာဆိုဘာမှမတွေးနိုင်တော့ဘဲ အရှင်က
သူ့ကို ပစ်ထားခဲ့ခြင်းမဟုတ်ပေဘူးဆို
သည့်အတွေးဖြင့် အ​ပြေးသွားပြီး အရှင့်
ရင်ခွင်ထဲသို့ တိုးဝင်ရင်း အတင်းကြီး
ဖက်ကာ ငိုကြွေးမိပါတေ့ာသည်။

"အရှင် မကောင်းဘူး အီးဟီး
ဘာလို့တောထဲမှာထားပစ်ခဲ့ရတာလဲ "

အရှင်ကတော့ သူ့ခါးကိုကျိုးကြေလု
မတတ်ဖက်ထားပြီး တစ်ခါတစ်ခါ
ရင်ဘတ်ကိုလည်း နဖူးဖြင့်တိုက်ကာ
ကလေးတစ်ယောက်လိုအော်ဟစ်ငိုယို
နေသော လူပိန်းလေးကြောင့် ပြုံးလိုက်
မိသည်။

လူသားတစ်ယောက်က ဤမျှလောက်
ချစ်စရာကောင်းလိမ့်မည်ဟု သူတစ်ခါ
မျှ မတွေးခဲ့ဖူးပါ။

ချော့မြူသည့်အနေနှင့်ပခုံးစွန်းလေးကို
ဖွဖွပုတ်ကာ ပြန်လည်ပွေ့ဖက်မိတော့
တွန့်ခါလို့ရုန်းပြန်သည်။
လူကရုန်းနေပေမယ့်သူ့ခါးကိုချိတ်တွယ်
လို့ ဖက်တွယ်ထားခြင်းကိုတော့ဖယ်ခွာသွားခြင်းမရှိတာကြောင့် နောက်တစ်ကြိမ်ပြုံးမိပြန်၏။ ဒါလူပိန်းလေးစိတ်ဆိုးရင်
ပြုမှုတတ်သည့်အပြုမှုဟု စိတ်ထဲတွင်မှတ်သားထားလိုက်မိ၏။

TᕼE ᗷᖇIᗪE ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Nơi câu chuyện tồn tại. Hãy khám phá bây giờ