Part...18

5.4K 474 42
                                    

အရှင် က သူ့လက်ထဲကပြောင်လက်နေသော ဓားပါးလေးကိုလှည့်ကာဆော့နေသည်ကြောင့် ပြတင်းပေါက်မှတဆင့် ဖြာကျနေတဲ့နေ၏အလင်းမှာ ဓားပါးပေါ်ဟပ်နေပြီး အရှင်လက်တစ်ခါလှုပ်လိုက်တိုင်း အခန်းအတွင်းတွင် အလင်းရောင်
က ဖြာခနဲဖြာခနဲပေါ်လာ၏။

သုံးရက်ရှိပြီ။
အခုထိသတိမလည်လာသေးတဲ့ ရှောင်းကျန့် ဟာ စိုးရိမ်မှုဆိုသည့်အရာကို
သူ့အားကောင်းကောင်းကြီး သိစေဖို့
သင်ခန်းစာပေးချင်ပုံရသည်။
အရှင်က လက်ထဲမှ ဓားကိုလှုပ်ရှားနေ
ရာမှ ရပ်လိုက်ပြီးကုတင်ဘေးရှိစားပွဲ
ပေါ်မှ ပန်းသီးအားခွာရန်ယူလိုက်သည်။

ဒီကလေးက အကြာကြီးအိပ်နေတာ
ဆိုတော့ နိုးလာတာနဲ့ဗိုက်ဆာနေတော့
မှာလေ။ ရက်ရှည်စွာအိပ်မောကျနေ
တဲ့လူသား ဘေးမှာထိုင်ရင်းအကြောင်း
မဲ့ အသီးတွေထိုင်ခွာနေတဲ့သူ့မှာတော့
လွဲမှားမှုကြီး ကြီးကြီးမားမား ရှိနေပြီ
ဆိုတာ သိနေပေမယ့် အ​ဖြေမရှာချင်
သေးပါ။ ရရှိလာမယ့် အဖြေက
သူ့ဘဝကို ထပ်သတ်ခဲ့မည်ဆိုလျှင်
ဒီတစ်ခါမှတော့ သူ မရှင်သန်နိုင်
လောက်တော့ဘူး ထင်ပါရဲ့။

ကုတင်ထက်မှလူးလွန့်လာတဲ့ကိုယ်
​လေးကြောင့် လက်ထဲကဓားကို
အလျှင်အမြန်ချကာ ကုတင်ဘေး
တင်ပါးလွှဲထိုင်ပြီး အသာထူပေးရင်း
ထထိုင်စေသည်။

"အ...အရှင်"

"ကိုယ်ရှိတယ်"

မျက်လုံးများမပွင့်သေးပေမယ့်
လူပိန်းလေးက သူ့ကိုတမ်းတနေ၍
အသံပြန်ပြုလိုက်သည်။ ရှောင်းကျန့်
ဟာ ဖြေးဖြေးချင်းမျက်လုံးများပွင့်
လာသည်။ သူ့ကိုတွေ့သည်နှင့်မျက်ဝန်းများက ချက်ခြင်းဝိုင်းဆက်သွားပြီး လည်တိုင်ကိုလက်နှစ်ဖက်ဖြင့်ချိတ်ဆွဲ
ကာ ပွေ့ဖက်လာသည်။

"အရှင်ရယ် ကျွန်တော်မျိုးစိတ်ပူရလွန်း
လို့ သေရချည်ရဲ့"

"အင်း"

"ဟင့်"

"တကယ်...တကယ်ကြီးစိတ်ပူသွားတာအရှင် ဘာများဖြစ်တာလဲလို့"

ရှောင်းကျန့် ဟာ အရှင် ဘာမှထိုခိုက်
မှုမရှိတာသိမြင်ရ၍ အီခနဲငိုချလေ
တော့၏။

TᕼE ᗷᖇIᗪE ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now