Part...13

7.8K 606 47
                                    

"အရှင်နဲ့အိပ်ချင်လို့ "

"ကောင်းပြီ "

ရှောင်းကျန့် သူ့ပြောမိလိုက်တဲ့စကားကြောင့်သူ့ပါးစပ်ကိုသူဖိအုပ်ကာ မျက်
လုံးအစုံပြူးကျယ်သွားသည်။အရှင်က
သူ့အားလက်မောင်းရင်းမှ ဆွဲယူကာ
ခေါ်သွားနေသည်ကြောင့်တရွတ်တိုက်ပါသွားရသည်။ိနပ်မပါတဲ့သူ့ခြေဖဝါးလေးတွေမှာလည်းမြက်ရှရာများ ထင်း
နေမှအသေချာပါပဲ။ အတင်းကြီးဆွဲနေ
တဲ့ အရှင်ကြောင့်ခွေရက်မလဲအောင်
ထိန်းနေရပြန်သည်။

"အာ့ "

"နာနေပြီ လွှတ်ပေးပါ "

ခဲစူးသွားပုံရတဲ့ ခြေထောက်လေးဟာ
စူးခနဲနာကျင်လာသည်ကြောင့် ဆွဲခံထား
ရတဲ့လက်မောင်းလေးကို ရုန်းမိ၏။ ဆတ်ခနဲလွှတ်ပေးလိုက်တဲ့ အရှင်ကြောင့် ယိုင်နဲ့သွားတဲ့ကိုယ်လေးကိုလဲကျမသွားစေရန် အရှင့်ဝတ်ရုံ၏လက်အနားစ
ကို ဖမ်းဆုပ်လိုက်မိ၏။

"ဟင့် "

အရှင် များ အမျက်တော်ရှပြီလားဆို
သည့်အတွေးဖြင့်မဝံ့မရဲမော့ကြည့်ကာ ဆုပ်ကိုင်ဝတ်ရုံစကိုလွှတ်မည်အလုပ်
သူ့လက်ကိုအုပ်မိုးဆုပ်ကိုင်လာတဲ့ အရှင့်ကြောင့်အသက်တောင် မရှုဝံ့တော့ပေ။
စိမ်းညို့ညို့မျက်ခုံးများကိုစုကျုံ့ကာ
နက်မှောင်နေသောမျက်လုံးအိမ်မှာလည်း နဂိုမူလကထက် ပို၍နက်ရှိုင်းလာသလိုပင်။သူ့ လက်ကိုအုပ်မိုးဆုပ်ကိုင်ထား
သည့် အရှင့်၏ လက်ဖဝါးမှအအေးဓာတ်ကြောင့်ပို၍ကြောက်ရွံလာသည်။

ထို အအေးထက်ဟာ သေချာခံစားကြည့်ပါလျှင် လက်ဖဖိုးမှ သူ့နှလုံးသားအတွင်းပိုင်းအထိ ရိုက်ခတ်လာသလိုပင်။လူတစ်ယောက်ခန္ဓာမှာ ရှိသင့်တဲ့အနွေးဓာတ်မျိုးကိုအရှင်ဆီမှာ သူမခံစားရပါ။ အဘယ်ကြောင့်နည်း။

အရှင်ကတော့ သူ၏နှာခေါင်းဝကိုလာ
ရောက်ကျီစယ်နေတဲ့ သွေးအနံကြောင့်
မျက်ခုံးတန်းများဟာအလိုလိုစုကျုံ့သွားသည်။ လတ်ဆတ်ပြီး ချိုမြလွန်းတဲ့သွေးအနံကြောင့်အေးစက်နေသော သွေးကြောကများတောင်အနည်းငယ်လှုပ်ခတ်လာသလို။ သွေးနံလာရာကို အာရုံခံကြည့်တော့ လူပိန်းလေးရဲ့ခြေဖျားဆီမှဖြစ်နေတာကြောင့် ဆုပ်ကိုင်ထားတဲ့လက်ဖမိုးလေးကို အားဖြင့်ဆွဲလိုက်ပြီး ပွေ့ချီလိုက်တော့အလန့်တကြားနှင့် သူ့လည်တိုင်
အား ကုတ်တွယ်လာသည်။
နီးစပ်ရာခြံဝင်းထဲမှာ သူ့အတွက်
ခင်းကျင်းထားသည့် စားပွဲဆီသို့ချီသွား
ပြီး ခုံတွင် ထိုင်စေသည်။

TᕼE ᗷᖇIᗪE ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Tempat cerita menjadi hidup. Temukan sekarang