Part...14

7.1K 577 28
                                    

ညအချိန်ရောက်နေပြီဖြစ်တာကြောင့်
ရှောင်းကျန့် က ပြတင်းပေါက်ဘောင်
ပေါ်လက်ထောက်ရင်း ကောင်းကင်ကြီး
အား ငေးကြည့်နေလေသည်။လရောင်
က မှိန်ပျပျသာရှိနေပေမယ့်ကြယ်မှုန်များ
အပြည့်ရှိနေတဲ့ ကောင်းကင်ကြီးရဲ့အလှကြောင့် မပြုံးဘဲမနေနိုင်။ အရှင့် အလာ
ကို သူစောင့်မျှော်နေတာကြာညောင်းလှ
ပြီဖြစ်တာကြောင့် အထဲသို့ ဝင်ရန်လှည့်လိုက်စဥ်မှာပင် ကုတင်ထက်လဲလျောင်းနေတဲ့ အရှင့်ကိုတွေ့လိုက်ရသဖြင့်
အာမေဋိတ်သံနဲ့အတူ လန့်ဖြန့်သွားတဲ့
သူ့ရင်ဘတ်လေးကိုသူဖိကိုင်လိုက်မိ၏။

"အမလေး! "

"ငါက အဲ့လောက်တောင်လန့်စရာ
ကောင်းနေလား "

"မ...မဟုတ်ပါဘူး "

ရှောင်းကျန့် ​​မှာ ခြေလှမ်းများကိုရှေ့
ဆက်မတိုးမိ။ကုတင်ထက်ကအရှင့်ကို
သာ ကြောင်ငေးကြည့်နေမိသည်။

အရှင်ကဘယ်တုန်းကများ အခန်းထဲ
ရောက်နေသည်လဲ။တံခါးဖွင့်သံမဆိုနှင့်
​​ခြေသံပင်မကြားရအောင် ဘယ်လိုများ
ဝင်လာသည်လဲ။အရှင်ကပဲသိုသိပ်လွန်း
နေသည်လား သူကပဲ သတိမမူမိလေ
သလား စဥ်းစားရကြပ်လှသည်။

"ဘာရပ်လုပ်နေတာလဲ"

မာန်မဲခြင်းမျိုးမဟုတ်ဘဲလေပြေအေးနဲ့
သာပြောလာပေမယ့် သူ့​မှာအလိုလိုဒူး
တုန်လာသည်။

အရှင့်ကို သူမကြောက်ပါဘူး။
နည်းနည်းမှ မကြောက်ဘူး ။

အရှင်ကတော့ သူဝင်လာတာကိုတောင်
သတိမမူမိဘဲ ကောင်းကင်ကြီးကိုသာ
အပြုံးမပျက်ကြည့်နေတဲ့ လူပိန်းလေး
ကြောင့် အစက စိတ်တိုမိပေမယ့်
ကောင်းကင်မှ ဖြာကျနေသောကြယ်
ရောင်မှာမျက်ဝန်းညိုညိုတွင်ထင်ဟပ်
နေခြင်းက သူ့ကိုသဘောကျစေသည်ကြောင့် အသံမပြုတော့ဘဲ ကုတင်ထက်ဝင်လှဲလျောင်းရင်းလက်ဖဝါးပေါ်ရှိ ပန်း
ပွင့်ပေါ်၌ ထင်ပေါ် နေသောပုံရိပ်ကိုသာ မမှိတ်မသုန်​ကြည့်နေမိသည်။
အကြာကြီးနေမှ တဖျတ်ခတ်သော မျက်တောင်စိတ်တွေကို လက်တွေ့
ကြည့်ချင်ပေမယ့် လူပိန်း​လေးအနားကို
သူမသွားခဲ့ပါ။ အခွင့်ကြုံပါလျှင်တစ်ခါလောက် ထိုမျက်တောင် စိတ်လေးရဲ့ အရေအတွက်ကို ရေတွက်ချင်ပါသေး
သည်။ ကော့ညွှတ်နက်မှောင်နေခြင်းမျိုး
မဟုတ်ပါဘဲ အဘယ်ကြောင့်သူ့စိတ်ကို
ဖမ်းစားနိုင်သည်လဲ။ စိတ်ရှည်လက်ရှည်ရေတွက်မိချင်သည်အထိလေ။

TᕼE ᗷᖇIᗪE ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Donde viven las historias. Descúbrelo ahora