ရှောင်းကျန့်မှာဖွားအိမ်အရှေ့ရောက်
သည်နဲ့ ရထားလုံးမှ ပြေးဆင်းလိုက်
တာများ ဟက်ထိုးလဲလုမတတ်။
ရထားလုံး၏ မြင်းခွာသံကြောင့်ခြံထဲမှ အပြင်ဘက်သို့ အမြင်တွေဝါးနေပေမယ့်လည်း လိုက်ကြည့်နေသောအဖွားကိုတွေ့တော့ ရှောင်းကျန့် ကအကြံတစ်ခုဖြင့်
ပြေးဖက်ချင်စိတ်ကို ထိန်းလိုက်ရသည်။ တုတ်ကောက်တစ်ခုနှင့် တစမ်းစမ်းလျှောက်လာနေသောအဖွားကြောင့်
ခြံထောင့်တွင်ဝင်ပုန်းလိုက်ပြီး သူ့ကိုကြည့်နေတဲ့အရှင့်ကိုလည်း တိတ်တိတ်နေရန်
အချက်ပြလိုက်သည်။"အိုး...သနားစရာကောင်းလိုက်တဲ့အဖွားအိုပါလား သူမြေးလေး အချစ်စိတ်သင့်ပြီး သေလုမျောပါးဖြစ်နေတာကို မသိရှာဘူး
မျှော်နေရှာတာ""ငါ့...မြေး ငါမြေးလေးဘာဖြစ်လို့လဲ"
"ဖွားမြေးက အရှင့်ကြောင့် နေဝင်တော့မယ် ဖွားရေ"
"အလိုတော့ ရှောင်းကျန့် မြေး...မြေး
အဖွားဆီ လာတာလား"ရှောင်းကျန့်လည်းအကွယ်မှထွက်လာပြီး မျက်ရည်တစမ်းစမ်းနဲ့သူရှိရာကို မှန်းဆပြီးရှာနေတဲ့အဖွားဆီပြေးသွားပြီး ပွေ့ဖက်လိုက်သည်။
"ဖွားဖွား"
"အခုမှသတိရ...ယောက်ျားရသွားတော့
ဒီအဖွားအိုကြီးကို မေ့ထားတယ်
ကဲဟယ်...ဆိုးချင်အုံး"အဖွားအို၏ စကားကြောင့် ရှောင်း
ကျန့် မျက်နှာမှာ ဖြန်းခနဲ ပူတက်သွား
သလို အနောက်မှလိုက်ဝင်လာတဲ့
အရှင်ကလည်း ခြေလှမ်းများရပ်တန့်
သွားပြီး မျက်နှာကို ခပ်လွှဲလွှဲလုပ်နေ၏။"ဘယ်ကနေလှည့်လာတာတုန်း"
"အမျိုးသားရောပါသလား"
"ပါ...ပါတယ်အဖွားရဲ့"
ရှောင်းကျန့် အရှင့်အနားသို့လျှောက်
သွားပြီး လေသံတိုးတိုးနှင့် မရဲတရဲ
ခွင့်တောင်းသည်။"ဖွားနဲ့မိတ်ဆက်ပေးလို့ရမလားဟင်"
မမေးလို့မရဘူးလေ။ အရှင်ဆိုတဲ့
ဝမ်လူကြီးမင်းကို ဒီအရပ်တစ်ခွင်ထဲ
မြင်ဖူးတဲ့လူ မရှိသလောက်လေ။
အရှင် က လူသားမဟုတ်တော့
လူတွေနဲ့ အဆက်အစပ်လုပ်ချင်ရဲ့လား
သူမသိဘူးလေ။ ဖွားကိုသတိရတဲ့
စိတ်ကြောင့်သာ ထိုအရာတွေကို
မတွေးမိဘဲ အရှင့်ကို ခေါ်လာမိလိုက်
တာ။ အခုနေမှ အရှင်ကလက်မခံရင်
သူတော့ အဖွားကိုဘယ်လိုမျက်နှာ
ပြရမလဲ မသိတော့ပါ။
![](https://img.wattpad.com/cover/321110506-288-k752720.jpg)
ESTÁS LEYENDO
TᕼE ᗷᖇIᗪE ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳
Misterio / Suspenso(U) အရှင့်ရဲ့သတို့သမီးတွေထဲကတစ်ယောက် ဖြစ်ခွင့်ရရုံနဲ့ကျွန်တော်မျိုးကျေနပ်ပါရဲ့လေ။ . . (Z) အရှင့်ရဲ့သတို့သမီးတွေထဲကတစ်ယောက် ဖြစ်ခွင့်ရရုံနဲ့ကျွန်တော်မျိုးကျေနပ်ပါရဲ့လေ။