ညစာစားပြီးသား ပန်းကန်များကို
ရှောင်းကျန့် က ကူသိမ်းပေးရင်း
ဟွားဟွားဆီက တစ်ခုခုများသိရမလား
ဆိုသည့်စိတ်နှင့် စကားအစ်အောက်ကြည့်မိသည်။ သို့ပေမယ့် ပျောက်ဆုံးနေသော
သတို့သမီးများနဲ့ ပတ်သက်၍ဘာဆို
ဘာမှသိမလာရပေ။ အရှင်ကလူသား
မဟုတ်တော့ ဟွားဟွား တို့ကရောလူသားမဖြစ်နိုင်တော့ဘူးဆိုတာသူသိပေမယ့် စိတ်ထဲတွင် ကသိကအောက် မဖြစ်ပေ။ စိတ်လှုပ်ရှားမှုအနည်းငယ်သာရှိပေမယ့် သူ့စိတ်ထဲထွေးထူးပြီးမခံစားရ။
ပုံမှန်အတိုင်းသာ ဖြစ်နေ၏။ဟုတ်တယ်လေ။သူကဘာတွေကိုထူးခြားပြီး ဖြစ်နေရမှာလဲ။ လူသားမဟုတ်တဲ့ အခြားဘာကြီးပဲဖြစ်နေဖြစ်နေ အခုချိန်
မှာ ဒီစံအိမ်ကြီးမှာ ရှိနေတဲ့အရှင်နဲ့ဟွားဟွားတို့ကသာ သူရဲ့မိသားစုဝင်တွေ
လေ။သူလိုတစ်ကောင်ကြွက်ကို အလိမ်
အညာများနဲ့ ဝင်ရောက်လာတဲ့တာတောင် နွေးထွေးပေးခဲ့သည်လေ။သူကတောင် ကျေးဇူးတင်နေရအုံးမှာ မဟုတ်ဘူးလား။"ဘာတွေတွေးနေတာလဲ ရှောင်းကျန့်လေးရဲ့"
"ဟီး...ဘာမှမတွေးပါဘူး ကျွန်တော်ခြံထဲ လမ်းခဏဆင်းလျှောက်လိုက်အုံးမယ်နော်"
ဟွားဟွားကို အသိပေးပြီးခြံထဲသို့ဆင်းလာလိုက်ပြီး ဟိုနေ့ညကသူမြင်လိုက်တဲ့ အလင်းတန်းများအကြောင်း သိရလိုသိရငြား ခြံဝင်း၏ ထောင့်ဘက်ကိုသွားရန်
တွေးလိုက်သည်။ အလှမ်းတော်တော်ကျယ်သည့်ကြောင့် သူတော်တော်လေးလျှောက်ပြီးမှ ခြံ၏ဘယ်ဘက်ထောင့်သို့ ရောက်လာခဲ့သည်။ မောဟိုက်သွားသဖြင့် ကိုယ်ကိုညွှန့်ကာ ဒူးနှစ်ဖက်ပေါ်လက်ထောက်ရင်းအမောဖြေလျက် အကဲခတ်ကြည့်မိတော့ ထူးခြားသည့်အရာဘာဆိုဘာမှမတွေ့ရပေ။"ရှောင်းကျန့်"
"အမလေး!"
နောက်ပါးမှအရှင့်၏အသံကြောင့်
လန့်ကာ ဟက်ထိုးလဲလုမတတ်ဖြစ်
သွားပေမယ့် အရှင့်က သူ့ခါးကို
လက်တစ်ဖက်နှင့်ပွေ့ယူလိုက်သဖြင့်
ကံကောင်းသွားသည်။ ကိုယ်ကိုချက်ချင်းမတ်ကာ အရှင့်ကိုကြည့်ရင်းမျက်နှာချိုသွေးကာရယ်ပြလိုက်သည်။"ဒီမှာဘာလုပ်နေတာလဲ"
"ဟို..."
"အရှင့်ကိုလွမ်းလို့လေ"
VOCÊ ESTÁ LENDO
TᕼE ᗷᖇIᗪE ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳
Mistério / Suspense(U) အရှင့်ရဲ့သတို့သမီးတွေထဲကတစ်ယောက် ဖြစ်ခွင့်ရရုံနဲ့ကျွန်တော်မျိုးကျေနပ်ပါရဲ့လေ။ . . (Z) အရှင့်ရဲ့သတို့သမီးတွေထဲကတစ်ယောက် ဖြစ်ခွင့်ရရုံနဲ့ကျွန်တော်မျိုးကျေနပ်ပါရဲ့လေ။