Part...5

8K 698 25
                                    

"ဝမ်လူကြီးမင်းအတွက် သတို့သမီး
ရှာနေကြပြီတဲ့ "

ထိုစကားကြောင့်ရှောင်းကျန့်မှာ ထိုအမျိုးသမီးနှစ်ယောက်အနားမသိမသာကပ်ကာအနောက်ပါးမှနေ၍နားစွင့်မိသည်။

"ဟုတ်ပါ့တော့ အခုမိန်းမပျိုလေးတွေ
များအပြိုင်အဆိုင် ပုံတူပန်းချီတွေ
အပ်နေကြတာ...ရက်၉၀မှာတစ်ခါစုတ်ချက်ဆွဲတဲ့လူတွေတော့ငွေရှာ
ကောင်းပဲဟေ့ "

"ပုံမှန်ထက်ပိုတဲ့နှုန်းထားတွေနဲ့ဆိုတော့
အချို့မိန်းကလေးတွေမှာအပ်ချင်တာတောင် မအပ်နိုင်ကြဘူး "

"ဟုတ်လား "

"ဟုတ်စ...အဲ့တာကြောင့်သူဌေးသမီး
တွေပဲ အရွေးခံရတာများတာပေါ့
တကယ်ဆိုတို့အိမ်နားက လူလတ်တန်း
စားတွေမှာလည်း မိန်းမလှလေးတွေ အများသား ပုံတူပန်းချီဖိုး မတက်နိုင်
လို့ သူတို့မှာ ဝမ်လူကြီးမင်း ဆီမှာ
အရွေးခံရဖို့မစွမ်းသာကြဘူး "

ထိုစကားကြောင့်ရှောင်းကျန့်၏စိတ်ထဲတွင်မနာလိုစိတ် သေးသေးလေးဝင်မိ
ကာ နှာခေါင်းရှုံမိ၏ ။ နောက်မိန်းမတစ်ယောက်ရဲ့အမေးကို သူလည်းလွန်စွာစိတ်ဝင်စားမိ၍ ပိုမို အနားကပ်ကာ
နားစွင့်မိပြန်၏။

"ဒါဆို ဝမ်လူကြီးမင်းက မိန်းကလေးရဲ့
နောက်ခံအသိုင်းဝိုင်းကိုမကြည့်ဘူးလား
ကျုပ်ထင်တာလူချမ်းတွေရဲ့သမီးပျို
တွေပဲ အခွင့်ထူးခံရှိတယ်ဆိုပြီးလေ "

"အထင်မှားနေပြီ လူကြီးမင်း က သတို့
သမီးတွေရဲ့နောက်ခံကိုတစ်ခါမှစိတ်မဝင်
စားခဲ့ဘူး အပျိုစင်ဖြစ်နေဖို့ကအဓိကအချက်ပဲ"

"ဒါဆိုပုံတူပန်းချီကိုဘယ်သူ့ကိုပေးရမှာလဲ"

အနောက်မှယောက်ျားလေးတစ်ယောက် ၏အသံကြောင့် မိန်းမနှစ်ယောက်မှာပြိုင်တူလှည့်ကြည့်သည် ။ နီးကပ်စွာ
ရှိနေတဲ့ လူကြောင့်နှစ်ယောက်သားလန့်သွားကြသည်။

"အမလေး "

"ဟဲ့...အော် "

"ဟီးဟီး..."

ရှောင်းကျန့်လည်းနောက်သို့​ခြေတစ်
လှမ်းဆုတ်ရပ်ပြီးမျက်နှာချိုသွေးသည်။

TᕼE ᗷᖇIᗪE ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Tempat cerita menjadi hidup. Temukan sekarang