ရှောင်းကျန့်က ပြတင်းပေါက်ဘောင်မှာ လက်ထောက်ရင်း ခြံထဲကိုအကဲခတ်
နေသည်။ မင်္ဂလာပွဲအပြင်အဆင်ကို
ညကျမှလုပ်ကြလိမ့်မည်ပြောထားတာကြောင့် နေဝင်ချိန်ရောက်တာနဲ့စပ်စုနေ
မိခြင်းဖြစ်သည်။ အရှင်ကအိပ်မက်ဆိုးမက်ပြီး နေသိပ်မကောင်းချင်တဲ့သူ့ကို ဂရုစိုက်သလို အရမ်းလည်းစိတ်ပူနေပုံရတာကြောင့် သူတော်တော်ပျော်နေလေသည်။ ကိုယ်တစ်ပိုင်းလုံးပြတင်းပေါက်အပြင်ထွက်လုမတတ် စပ်စုနေသော် လည်း ခြံထဲတွင်မည်သူဆို မည်သူမျှရှိ
မနေခြင်းကြောင့် နှုတ်ခမ်းများကို တွန့်ချိုးပစ်၏။"ပြုတ်ကျမယ် ဘယ်လိုနေ နေလဲ"
အသံကြောင့် ကိုယ်ကိုမတ်ရန်ပြင်လိုက်
ပေမယ့် အရှင့်သူ့အင်္ကျီစမှာလှမ်းဆွဲကာ ပြတင်းပေါက်အပြင်ထွက်နေသောကိုယ်တစ်ပိုင်းကိုအခန်းထဲသို့ပြန်ရောက်စေသည်။"ပြုတ်ကျသွားမှာမကြောက်ဘူးလား"
"အရှင်လာကယ်မှာပဲဟာ ဘာကြောက်စရာရှိ"
ပြောရင်းအရှင့်လက်မောင်းမှာခိုကပ်
လိုက်တော့ အရှင်ကသူ့ကိုမျက်လုံး
များလှိမ့်လို့ကြည့်လာသည်။"ခြံထဲမှာဘာအပြင်ဆင်မှလည်းမလုပ်
ကြဘူးနော်""မင်းက စပ်စပ်စုစုနိုင်လွန်းတဲ့လူသားပဲ"
နဖူးကိုလက်ညိုးနှင့်တွန်းကာပြောလာ
သည့်ကြောင့် ရှောင်းကျန့်က ဟန်ပို
ကာ ခေါင်းကိုအနောက်သို့လှန်ချတော့
အရှင်ကသူ့ခေါင်းလေးကို လက်ဖဝါး
နှင့်သဲ့ယူလို့ပြန်မတ်စေသည်။"အိပ်တော့"
"မအိပ်ချင်ပါဘူး"
"ရှောင်းကျန့်!"
"အိပ်မှမအိပ်ချင်တာကြီးကို"
အရှင့်ခါးကိုလက်နှစ်ဖက်နှင့်သိုင်းဖက်
လျှက် တစ်ကိုယ်လုံးကိုမှီချလို့ငြူစူသည်။အရှင် က သူရင်ဘတ်မှာကပ်နေတဲ့
ကောင်လေးကို မျက်လွှာချလို့ကြည့်ရင်း လက်ဖျောက်တစ်ချစ်တီးလိုက်သည်နှင့် ပြာလဲ့လဲ့အလင်းတန်းတစ်ခုမှာ လူပိန်းလေး၏ မျက်ဝန်းများအရှေ့ဖြတ်သန်းသွားချိန် မှိတ်ကျသွားတဲ့မျက်ခွံများနှင့်အတူ ခွေချလာတဲ့ကိုယ်လေးကို ထိန်းဖက်သည်။ အိပ်မောကျသွားပြီဖြစ်တဲ့ ကိုယ်လေးကို ပွေ့ချီလိုက်ပြီး ကုတင်ထက် အသာချပေးလျှက် စောင်ကိုလည်း ရင်ဘတ်အထိ ဆွဲခြုံပေးသည်။
YOU ARE READING
TᕼE ᗷᖇIᗪE ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳
Mystery / Thriller(U) အရှင့်ရဲ့သတို့သမီးတွေထဲကတစ်ယောက် ဖြစ်ခွင့်ရရုံနဲ့ကျွန်တော်မျိုးကျေနပ်ပါရဲ့လေ။ . . (Z) အရှင့်ရဲ့သတို့သမီးတွေထဲကတစ်ယောက် ဖြစ်ခွင့်ရရုံနဲ့ကျွန်တော်မျိုးကျေနပ်ပါရဲ့လေ။