Part...10

8.5K 709 22
                                    

"အား! "

ရှောင်းကျန့် ၏ နာနာကျင်ကျင်နဲ့ဆွဲငင်
စွာ အော်လိုက်သံဟာ တစ်ခန်းလုံးတွင်ဟိန်းထွက်လို့သွားသည်ကြောင့် ရေချိုးကန်ထဲရောက်နေတဲ့အရှင်၏ ဖိပိတ်ထားသောမျက်လုံးများဟာ ဖြေးဖြေးချင်းပွင့်လာပြီး မျက်ခုံးတန်းများကလည်း စုကျုံ့သထက်စုကျုံ့လာသည်။ မျက်တောင်တစ်ချက်ခတ်လိုက်ပြီး သူရဲ့မျက်ဝန်း
နီနီများကို ပကတိလူသားအသွင် မျက်စံနက်များအဖြစ်သို့ပြောင်းလိုက်သည်။

"ဝုန်း...အာ့ "

ဝုန်းခနဲပြုတ်ကျသွသံနဲ့အတူ နာကျင်ညည်းညူသံကိုပါထပ်ကြားလိုက်တာကြောင့် ရေချိးကန်ထဲမှထွက်ကာ ဝတ်ရုံရှည်ကိုလွှမ်းခြုံသည်။

"ငိုနေပြန်ပြီ"

တစ်ကိုယ်တည်း နှုတ်ခမ်းလှုပ်ရုံမျှရေ
ရွတ်လျှက် ရေချိုးခန်းအပြင်ထွက်လာတော့ အခန်းရှေ့မှတွေ့လိုက်ရတဲ့လူပိန်းလေးရဲ့ပုံစံကြောင့် သူရဲ့မျက်ခုံးတန်းများဟာမြှင့်တက်သွားသည်။

ရှောင်းကျန့်ကတော့ နိုးနိုးချင်းထိုးကိုက်
နေတဲ့ခေါင်းကြောင့် အိပ်ယာမှချက်ချင်း
မထနိုင်။ ကိုယ်ကိုအနည်းငယ် လှုပ်ရှားလူးလွန့်လိုက်မိရာ အောင့်မျက်သွားတဲ့
ခါးအောက်ပိုင်း၏နာကျင်မှုဟာ အော်
ဟစ်ညည်းတွားမိသည်အထိ အသည်း
ခိုက်အောင်ခံစားရသည်။

သူဘာကြောင့် ဒီလောက်ဖြစ်နေရတာ
လဲ။ ညက မင်္ဂလာသေရည်တွေအများ
ကြီးသောက်လိုက်မိတာကြောင့် ကိုက်ခဲ
နေတဲ့ဦးခေါင်းဟာ ကောင်းကောင်းအလုပ်မလုပ်နိုင်။ စဉ်းစားလေပို၍စူးကိုက်လာသည်။ သေရည်ကို မသောက်စဖူးသောက်လိုက်မိတဲ့ အကျိုးကိုသူတော့ကောင်း ကောင်းခံစားနေရလေပြီ။

အရှင် များ သူကယောက်ျားလေးဆိုတာ
သိသွားလို့ ရိုက်နှက်အပြစ်ပေးခဲ့သည်လား။

မျက်လုံးများကို အတင်းဖိပိတ်ထားရာမှ
ဖွင့်လိုက်ပြီး ဦးစွာအခန်းကို ကျီးကန်းတောင်းမှောက် အကဲခတ်လိုက်တော့ ပကတိငြိမ်သက်နေသည်။ မနေ့ညက
သူ အသဲအသန်ဖွင့်ပေမယ့် ဖွင့်လို့မရခဲ့
တဲ့ ပြတင်းပေါက်ကလည်း ပွင့်နေပြီးလေညှင်းများကတဖြူးဖြူးတိုက်ခတ်တိုးဝင်နေသည်။ ဒါကြောင့် စောင်ခြုံ
ထားပေမယ့်လည်းသူကပူအိုက်နေခြင်း
မရှိတာပေါ့။

TᕼE ᗷᖇIᗪE ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Hikayelerin yaşadığı yer. Şimdi keşfedin