၈ နာရီကနေ ၁၀ နာရီအထိ ဂိုက်ချိန်ပြီးသွားတော့ အံ့သူရိန်မင်းတို့ ပင်မဆောင်ဘက်သို့ လာခဲ့ရသည်..။ ၁၀ နာရီကနေ ၁၂ နာရီအထိက ကိုယ်ပိုင်စာကျက်ချိန်ဖြစ်သောကြောင့် နည်းနည်းတော့ ဖိအားနည်းမည်ထင်သည်..။
ပင်မဆောင်ထဲသို့ ဝင်လာခဲ့ပြီးနောက် လွယ်အိတ်ကို အရှေ့ခုံမှာ ခနတင်ထားလိုက်ပြီး အပေါ့သွားရန် အ နောက်ဘက်သို့ လျှောက်လာခဲ့လိုက်သည်..။
ယောက်ျားလေးအပေါ့သွားရန်နေရာက ပန်းကန်ဆေးတဲ့သွပ်ပြားနဲ့ ကာ ထားပြီး နည်းနည်းတော့ မှောင်ရိပ်ကျနေသည်..။ ပင်မဆောင် ခေါင်းရင်းမှာ ဘုံကျောင်းကြီးရှိတာကြောင့် အပေါ့သွားတဲ့နေရာရဲ့ အနောက်မှာက မှောင် မည်းတိတ်ဆိတ်နေသည့် ဘုံကျောင်းကြီးသာရှိသည်..။ နည်းနည်းတော့ ကျောချမ်းစရာ ကောင်းသာ..။
အံ့သူရိန်မင်းလည်း အပေါ့သွားပြီးနောက် အရှေ့ဘက်သို့ ပြန်ထွက်လာခဲ့တော့ ခုနက လွယ်အိတ်ထား ထားသည့်နေရာမှာ တိမ်စိုင်က ထိုင်နေပြီ ဖြစ်သည်..။
ထို့ကြောင့် အံ့သူရိန်မင်းလည်း တိမ်စိုင်နားသို့ လျှောက်သွားပြီး-
"နည်းနည်းလောက် ဖယ်ပေးလို့ရမလား တိမ်စိုင်.."
သူ့စကားကြောင့် တိမ်စိုင်က စာအုပ်ထုတ်နေရင်းဆတ်ခနဲ မော့ကြည့်ကာ-
"အာ..ဒါ မင်းနေရာလား..sorry.."
"အဲ့လိုတော့ မဟုတ်ပါဘူး..ထိုင်လို့ရပါတယ်..ငါအထဲ ဝင်မလို့ပဲ.."
"ဪ..အဲဒါဆို ငါထွက်ပေးမယ်.."
ပြောပြောဆိုဆိုနှင့် တိမ်စိုင်က ဆတ်ခနဲ ကောက်ထကာ ထွက်ပေးလာသည့်အတွက် အံ့သူရိန်မင်းလည်း အလိုက်သင့်လေး အထဲ ဝင်လိုက်သည်..။ ထို့နောက် တိမ်စိုင်က သူ့ဘေး၌ ဝင်ထိုင်လေသည်..။ ဒါပေမဲ့ ဘာစကားမှ ဆက်မပြောဘဲ သူ့စာသာ သူ ဆက်လုပ် နေလေသည်..။
"တိမ်စိုင်..ဘာအိမ်စာတွေ ရှိလဲ.."
"အိမ်စာကတော့ ဒီနေ့သင်တာတွေ အကုန်လုံးပဲလေ..ပြီးတော့ ဆရာကောင်းလည်း Bio တွေ ကျက်ခိုင်းလိုက်တာ ရှိသေးတာပဲကို..အဲဒါတွေက အိမ်စာ ပေါ့.."
"အာ..အင်း..ကျေးဇူးပဲ.."
ခပ်ပြတ်ပြတ်ပြောသည့် တိမ်စိုင့်စကားကြောင့် သူလည်း ဆက်မမေးတော့ဘဲ ခေါင်းတညိတ်ညိတ်နှင့် သာ Bio ပုံနှိပ်စာအုပ်ကို လွယ်အိတ်ထဲမှ ဆွဲထုတ်လိုက်သည်..။