အံ့သူရိန်မင်းတို့ စားသောက်ပြီးနောက် ရုပ်ရှင်လက် မှတ်နှစ်စောင် ဝယ်ကာ ရုပ်ရှင်စပြမည့်အချိန်ကို စောင့်ရင်း ရုံအရှေ့၌ ထိုင်နေခဲ့သည်..။
ပြန်တွဲပြီးတဲ့နောက် တိမ်စိုင့်ဘက်က စကားသိပ်မပြောချေ..၊ သူတို့နှစ်ယောက်၏ဆက်ဆံရေးက ပုံမှန်ထက် ပိုပြီး အိုးတိုးအန်းတန်းဖြစ်နေသည်..။ အံ့သူရိန်မင်းကတော့ တိမ်စိုင့်ဘက်ကို မကြာမကြာ ငဲ့ကြည့်ပေမဲ့ တိမ်စိုင်ကတော့ တခြားနေရာကိုသာ မျက်နှာလွှဲ ထသည်..။ အတူတူ ယှဉ်ထိုင်နေပေမဲ့ အံ့သူရိန်မင်းခမျာ တိမ်စိုင့်လက်ကိုတောင် မကိုင်ရချေ..။ မြင်သာမြင် မကြင်ရဆိုတာ ဒါမျိုးထင်တယ်..။
တိမ်စိုင့်ပေါင်ပေါ်မှ လက်ကို လှမ်းကိုင်ရနိုးနိုးနှင့် တွေဝေနေချိန်-
"ကိုင်စရာရှိတာ မကိုင်ဘဲ ဘာတွေရစ်နေတာလဲ..ငါကိုင်တာကို စောင့်နေတာလား.."
မနေနိုင်တော့သည့် တိမ်စိုင်က အံ့သူရိန်မင်းဘက်သို့ လှည့်ကာ ပြောရတော့သည်..။ နည်းနည်းပါးပါး ရှက်နေလို့ မျက်နှာမမူတာကို သူရိန် နားမလည်ချေ..။ လက်ကို ကိုင်နိုးကိုင်နိုးနှင့် ရစ်နေသဖြင့် တိမ်စိုင်တစ်ယောက် စိတ်မရှည်ချင်တော့ချေ..။
ထို့ကြောင့် ဆတ်ခနဲဆိုသလိုပင် သူရိန့်လက်ကို ဆွဲ ကိုင်လိုက်တော့ သူရိန်တစ်ယောက် ကြောင်တွောတော်နှင့် ကြည့်နေလေသည်..။
"ဘာလဲ..ခွင့်ပြုချက်တောင်းရဉီးမှာလား.."
လက်ချောင်းတွေကြားထဲ ဆုပ်ကိုင်ထားသည့်လက်ကို မြှောက်ပြရင်းမေးတော့ အံ့သူရိန်မင်းတစ်ယောက် ခေါင်းသာ ခါပြလိုက်ကာ-
"ဟင့်အင်း..မလိုပါဘူး.."
အံ့သူရိန်မင်းဘက်မှလည်း လက်ကို ပိုခိုင်မြဲအောင် ဆုပ်ကိုင်လိုက်ပြီး တခြားနေရာကို မျက်နှာလွှဲထားလိုက်သည်..။
"အာ..ဒါနဲ့ တိမ်စိုင်.."
"ဟင်.."
"ဟို..မင်းနဲ့အတူထိုင်တဲ့ မိန်းကလေးက ဘယ်သူလဲ.."
"ဟင် ဘယ်သူလဲ.."
တိမ်စိုင်က သူရိန်ဘက်သို့ လှည့်ကြည့်ကာ မေးလိုက် ပြီးတော့မှ-