"သူ့ကို စကားတော်တော်ပြောချင်နေတယ်များ ထင်နေလားမသိ.."
မိုးတိမ်စိုင်တစ်ယောက် အံ့သူရိန်မင်းကို ပုခုံးတိုက်ထွက်လာခဲ့ပြီးနောက် ကြည့်မရသည့်မျက်နှာကို မေတ္တာတွေ ပို့သခဲ့လေသည်..။ ထို့နောက် တက္ကသိုလ်ဝင်းထဲသို့ ထွက်လာခဲ့ပြီး နေရာတွေကို ရင်းနှီးသွားအောင် လိုက်ကြည့်ဖို့အတွက် ထွက်လာခဲ့ခြင်းဖြစ် သည်..။
တကယ်တော့ ဒီနေ့က fresher welcome လည်း ရှိသည့်အတွက် တခြားကျောင်းက ကျောင်းသားတွေ လည်း လာကြသည်..။ ကျောင်းပွဲတော်လိုမျိုး အစီအစဥ်တွေလည်း ရှိသလို activity တွေအတွက် စီနီယာတွေက team member အသစ်တွေကို ခေါ်ယူသည့် နေရာများလည်း ရှိသည်..။
ဒါပေမဲ့ စဥ်းစားကြည့်ရင် ဆေးကျောင်းဆိုတာ စာများတယ်လေ..၊ ဒီတော့ အဲဒီလို တခြားactivity တွေအတွက် အချိန်ပေးနိုင်ပါ့မလား..။
တိမ်စိုင်လည်း ထိုလူရှုပ်နေသည့်အတန်းထဲသို့ တိုး ဝင်လာခဲ့ချိန်..ရုတ်တရက် တိမ်စိုင့်အရှေ့တွင် လျှောက်နေသည့် အမျိုးသမီး၏ တင်ပါး၌ အနီရောင်အကွက်သေးသေးလေး စွန်းထင်းနေသည်ကို ရိပ်ခနဲ မြင်လိုက်ရသည့်အတွက် တိမ်စိုင်လည်း ခပ်မြန်မြန် ပင် ထိုမိန်းကလေးဆီသို့ လျှောက်သွားလိုက်ပြီး ဆတ်ခနဲ လက်ကို ဆွဲကာ လူရှင်းသည့်နေရာ..၊ သစ်ပင်အရိပ်အောက်တစ်နေရာသို့ ဆွဲခေါ်လာခဲ့လိုက်သည်..။
ထိုအမျိုးသမီးငယ်လည်း ရုတ်တရက်ဆိုတော့ မရုန်း မိဘဲ တိမ်စိုင်ဆွဲခေါ်ရာနောက်သို့ လိုက်ပါလာမိ သည်..။ လူရှင်းသည့်နေရာရောက်တော့မှ-
"ဒီမှာ!!! ရှင်ဘာလုပ်တာလဲ.."
တိမ်စိုင့်လက်ထဲမှ သူ့လက်ကို ဆွဲဖြုတ်လိုက်ပြီး ပြော လေသည်..။ ထိုနေရာရောက်တော့မှ တိမ်စိုင်လည်း သူ့ဘက်သို့ လှည့်လိုက်ပြီး-
"ဟိုလေ..ခင်များ menstruation လာနေတယ်ထင်တယ်.."
တိမ်စိုင်လည်း မျက်နှာပူစွာနှင့် ပြောလိုက်တော့ ထိုအမျိုးသမီးက သူ့အနောက်ကို သူ လှည့်ကြည့်လိုက်ပြီး-
"ဟာ့! ဟုတ်သားပဲ..ကျွန်မ မေ့သွားတာ.."
ထိုmask တပ်ထားသည့် အမျိုးသမီးသည် ရှက်လည်းရှက် မျက်နှာလည်းပူစွာနှင့် ဖြစ်သွားပြီးတော့မှ-