Episode 50 (Unicode)

145 14 2
                                    

တိမ်စိုင်တို့အဖွဲ့တွေ ကလောကို ရောက်တော့ မနက်နေ ထွက်ခါစသာ ရှိနေသေးသည် ။ နေရောင်ခြည် ခပ်နွေးနွေးနှင့် အေးစိမ့်စိမ့် ရာသီဥတုက နှစ်လိုဖွယ် ကောင်းလှသည် ။ တိမ်စိုင်တို့အဖွဲ့က ကလောကိုရောက်တာနဲ့ ကလောစျေးဘက်ကို ထွက်လာကြကာ ဒေသထွက်ပစ္စည်းတွေကို လိုက်ကြည့်ကြတော့သည် ။

"တိမ်စိုင်..ငါတို့ တို့ဟူးပျော့စားကြရအောင်..ငါ လိုက်ကြည့်နေတာ တော်တော်သွားရည်ကျနေပြီ.."

"အင်း..စားချင်စားလေ.."

တိမ်စိုင်က သူရိန့်သဘောဆိုသည့်သဘောနှင့် ပြောလိုက်တော့ သူရိန်က တိမ်စိုင့်လက်မောင်းကို ဖမ်းဆွဲထားလိုက်ပြီး ရှမ်းဆိုင်တစ်ခုအတွင်းသို့ ဝင်လာခဲ့လိုက်သည် ။

"ဟာ..လေပြည်.."

ဆိုင်ထဲ၌ တစ်ယောက်ထဲ ထိုင်ကာ ဖုန်းကြည့်နေသည့် လေပြည်ကိုမြင်တော့ တိမ်စိုင်တစ်ယောက် ဝမ်းပမ်း တသာနှင့် နှုတ်ဆက်နေသည်က ခုနက တိတ်ဆိတ်နေသည့် သူမဟုတ်တော့သလိုပင် ။ 

သူရိန်ဖက်ထားသည့် သူ၏လက်ကို ဆွဲထုတ်သွားကာ ဆိုင်ထဲသို့ အရင်ဝင်သွားသည့် တိမ်စိုင်ကတော့ အရမ်းကို တက်ကြွနေသလိုပင် ။ ဒီနောက်ပိုင်း ဘာကြောင့်လဲတော့ မသိ ၊ သူရိန် တိမ်စိုင့်ကို အရင်ကနှင့်မတူ သံသယဝင်လာမိသည် ။ တိမ်စိုင်ကတော့ အမှုမဲ့အမှတ်မဲ့သာလုပ်လိုက်ပေမဲ့ ပုံမှန်မဟုတ်သည့် သူ၏လုပ်ရပ်က သူရိန့်ကို ပိုပြီး သံသယဝင်စေသည် ။

သို့သော်လည်း သည်းခံရမည်မဟုတ်လား ၊ ပိုချစ်တဲ့သူက ကိုယ်ပဲလေ ။

သူရိန်လည်း ခပ်ပြုံးပြုံးနှင့်သာ တိမ်စိုင့်အနောက်က လိုက်ဝင်သွားပြီး တိမ်စိုင်ကတော့ လေပြည့်မျက်နှာချင်း ဆိုင်နေရာထိုင်ခုံ၌ ဝင်ထိုင်လိုက်လေသည် ။ သူရိန်က တော့ တိမ်စိုင်နှင့်အတူပါလာသည့် သူ့ကို မော့ကြည့်လာသည့် လေပြည့်ကို ခပ်ပြုံးပြုံးလေးသာ နှုတ်ဆက်လိုက်ပြီး တိမ်စိုင့်ဘေး၌ ဝင်ထိုင်လိုက်လေသည် ။

စားချင်လို့ မှာလိုက်သည့် တို့ဖူးပျော့က အရသာရှိပေမဲ့ စာချင်စိတ်တော့ မရှိတော့ပေ ။

Hello! My CrushWhere stories live. Discover now