Episode 52 (Zawgyi)

21 2 0
                                    

"ဒါဆို တစ်ခုလောက် မေးချင်တာကလေ..အဲ့ဒီသူက မီးလောင်နေတာကို ဘယ်သူ့ကိုမှ သတိမပေးဘဲ တစ်ချိန်လုံး Video ရိုက်နေခဲ့တာလား..တမျိုးလေးနော်.."

တရားလိုရှေ့နေ၏ စကားကြောင့် တရားခံရှေ့နေဖြစ်သူ နွေဉီးသော်တစ်ယောက် တရားလိုရှေ့နေဘက်သို့ ဖြည်း ညင်းစွာ လှည့်ကြည့်လိုက်ပြီး တိတ်ဆိတ်သွားကာ မျက် လုံးအဝိုင်းသားနှင့် ဘာမြှပန်မဖြေနိုင်ခဲ့ချေ ။

"ဖြေပါဉီး..တရားခံရှေ့နေကြီးရဲ့.."

တရားလိုရှေ့နေ၏ ခနဲ့သော စကားကြောင့် နွေဉီးသော်တစ်ယောက် တံတွေးတစ်ချက် မြိုချလိုက်ကာ တရားသူ ကြီးဘက်သို့ ပြန်လှည့်သွားတော့သည် ။

"ဒီvideoက..ကျွန်တော့်ရဲ့ ညီမလေး ရိုက်ထားတဲ့ video ပါ.."

နွေဉီးသော်၏ စကားကြောင့် အားလုံး၏ အာရုံစိုက်မှုက သူ့ဆီသို့ ပြန်ပြီးကျရောက်လာလေသည် ။ နွေဉီးသော်တစ်ယောက် သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွ ချလိုက်ကာ ခပ်တည်တည်နှင့် နေလိုက်တော့ တရားသူကြီးက -

"ဒါဖြင့်ရင်..တရားလိုရှေ့နေရဲ့ညီမဖြစ်သူကရော..ဘာလို့ ရဲကိုအကြောင်းမကြားခဲ့တာလဲ..အဲ့ဒီလိုလုပ်ရပ်က ကြံ ရာပါ ဖြစ်စေတယ်ဆိုတာကို ရှေ့နေလည်း သိလောက်မှာပါ.."

"ဟုတ်ကဲ့..ကျွန်တော်ကောင်းကောင်းနားလည်ပါတယ်.. ဒါပေမဲ့.."

ခေါင်းကို ခပ်ငိုက်ငိုက် ငုံ့ထားရာမှ တရားသူကြီးဆီသို့ ပြန်မော့ကြည့်လိုက်ပြီး -

"ကျွန်တော့်ညီမလေးက..အဲ့ဒီနေ့ညကတည်းက..လှေကားပေါ်က ပြုတ်ကျပြီး..ဆုံးသွားပါပြီ.."

_____

ထိုနေ့ညက..

နွေဉီးသော်ဆီမှာ တစ်ဉီးတည်းသော ၊ ချစ်ရပါသော ညီမလေးတစ်ယောက်က ရှိခဲ့ဖူးသည် ၊ နာမည်က ဝသန်မြိုင် တဲ့ ။ ၂နှစ်ပဲ ငယ်တဲ့ ညီမလေးပါ ၊ ငယ်ငယ်လေးကတည်း က အရိုးကိုက်ရောဂါဖြစ်ပြီး ၁၀နှစ်အရွယ်မှာ အောက်ပိုင်းသေသွားခဲ့တယ် ၊ မွေးရာပါ ဆွံ့အ, နားမကြားဖြစ်တဲ့ သူ(မ) က အဲ့နေ့ညက အပေါ်ထပ်သူ့အခန်းထဲက အိပ်ရာထဲမှာ အိပ်နေခဲ့သည် ။

အရိုးကိုက်ရောဂါက ခြေထောက်တွေပြီးတော့.. လက်တွေပါ ဆက်ပြီးတော့ ကိုက်လာနေပြီဖြစ်သည် ၊ အသားအ တွင်းဘက် အရိုးတွေက တမြေ့မြေ့နဲ့ အက်စစ်လို လှိုက် စားနေသလိုပဲ ။

Hello! My CrushWhere stories live. Discover now