Episode 43 (Zawgyi)

15 5 0
                                    

"တိမ်စိုင်! "

ရုတ်တရက် အနောက်ဘက်မှ အော်ခေါ်လာသံကြောင့် ကြက်ကြော်ဆိုင်ထဲရောက်နေသည့် တိမ်စိုင်က ဆတ်ခနဲ အနောက်လှည့်ကြည့်လိုက်ရသည် ။ လူကြားထဲ ကိုယ့်နာမည်ကို အဲ့ဒီလိုအော်ခေါ်တာကိုတော့ သိပ်သဘောမကျချင်ပေ ။

"နေကြာရိပ်..ဘယ်လိုဖြစ်ပြီး ဒီကိုရောက်နေတာလဲ.."

"ဪ..လမ်းကြုံဝင်လာတာပါ..နင့်နဲ့တူလို့ဆိုပြီး လှမ်းခေါ်ကြည့်လိုက်တာ..နင်ဟုတ်နေတာပဲ.."

"အင်း..ဒါနဲ့..လမ်းကြုံလို့ပေါ့လေ..ဒီJunction Square ကို.. အင်းစိန်က နည်းပညာကျောင်းတက်နေတဲ့ နင်က..ဒီကမာရွတ်က Junction squareကို လမ်းကြုံဝင်လာတာဆိုတော့..တစ်မျိုးလေးပဲနော်.."

အရင်ကတည်းက သူ့ကိုဆိုရင် စိတ်သိပ်မကြည်သည့်အတွက် တိမ်စိုင်လည်း ထိုမေးခွန်းကို ခပ်ရွဲ့ရွဲ့ပင် မေးလိုက်သည် ။ သူပြောတာကြီးကလည်း ယုံချင်စရာမှ မကောင်းတာ ၊ အင်းစိန်ဘက်မှာလည်း shopping mall တွေ ရှိပါတယ်..။ ဒါကိုမှ သူက ဒီJunction Squareကို..၊ ဆေးတက္ကသိုလ် (၁) နားက Junction square ကိုမှ လမ်းကြုံလို့ ဝင်လာတာဆိုတော့..နည်းနည်းတော့ စဉ်းစား စရာပင် ။

ကြက်ကြော်မှာထားတာကို စောင့်နေသည့် တိမ်စိုင်က ထိုင်ခုံမှာထိုင်နေပြီး နေကြာရိပ်ကို ခပ်ဆတ်ဆတ် မော့ကြည့်ကာ ပြောလိုက်သဖြင့် နေကြာရိပ်မျက်နှာက ချက်ချင်း တည်သွားပြီး တိမ်စိုင့်အရှေ့က ထိုင်ခုံကို ဆွဲယူကာ ဝင်ထိုင်လိုက်လေသည် ။

"နင်ထင်ချင်သလိုထင်ပါ..ငါနဲ့ မဆိုင်ဘူး..ဪ..ဒါနဲ့.. နင်တို့တွေ Second year ရောက်ပြီဟုတ်..ဆေးက First year ကို ၆လပဲ တက်ရတာဆိုတော့လေ.."

"အင်း..အဲ့ဒီတော့.."

"အဟင်း..သူရိန်နဲ့တောင် မတွေ့တာကြာပြီ..နေကောင်းရဲ့လား.."

"ကောင်းပါတယ်.."

"သူရိန့်ကိုမေးတာပါ.."

"ငါလည်း သူရိန့်အစားဖြေပေးတာပါ..ငါလည်း အတွင်း ဆောင်ကို ပြောင်းနေလိုက်တာဆိုတော့..အဆောင်တစ်ခန်းထဲကျပါတယ်..အဲ့ဒါကြောင့် အခန်းဖော်သူငယ်ချင်းတစ်ယောက်အနေနဲ့ အစားဖြေ​ပေးတာပါ..သူရိန်က..ကျန်းကျန်းမာမာ ရှိပါသေးတယ်.."

Hello! My CrushWhere stories live. Discover now