Episode 60 (Unicode)

144 11 8
                                    

အလှပြင်ခန်း၏အပြင်ဘက် မင်္ဂလာခန်းမဆီမှ သီချင်းသံခပ်သဲ့သဲ့ကို ကြားနေရပြီး ထိုအသံတွေကိုကြားတော့ ခနနေ ရောက်လာတော့မည့် မင်္ဂလာချိန်ကို တွေးရင်း ရောင် ခြည်တစ်ယောက် ပြုံးမိသည် ။

"ဘာတွေပြုံးနေတာလဲ.."

ဘေးနားမှ မကြာခင် ခင်ပွန်းဖြစ်တော့မည့် ခင်ပွန်းလောင်း ဦးနွေ၏ ရွှင်ရွှင်ပျပျမေးလာသည့် အမေးကြောင့် မှန်တင်ခုံအရှေ့ထိုင်နေသည့် ရောင်ခြည်က မှန်ထဲမှ တဆင့် ဘေးတွင်ထိုင်နေသည့် ဦးနွေကို လှမ်းကြည့်ပြီး ပြုံးပြကာ -

"ဟီး..ဘာမှတော့မဟုတ်ပါဘူး..ဒီအတိုင်း..ခနနေဖြစ်လာမည့်အရာတွေအတွက် ရင်ခုန်လို့ပါ.."

"ဪ..စိတ်မပူပါနဲ့..ညကျရင် ဒီ့ထက်ပို ရင်ခုန်ရမှာ.."

စပ်ဖြီးဖြီးနှင့် ပြောလာသည့် ဦးနွေ၏ စကားကြောင့် မိတ်ကပ်ပြင်နေသည့်သူတောင် မျက်နှာကြီးဖြီးသွားပြီး ရောင်ခြည်ကတော့ ရှက်ကိုးရှက်ကန်းနှင့် မျက်နှာကြီး နီသွားသဖြင့် -

"ဟော..ဒီကောင်လေး ဘာတွေတွေးနေတာတုန်းဟ..ကိုယ်ပြောတာက ညကျရင် dinnerရှိတယ်ဆိုတာကို ပြောတာလေ.."

"ဟာဗျာ..ဦးနွေ.."

ကောင်လေးခမျာ သူ့အတွေးကြောင့် သူ ရှက်သွားပြီး ဦးနွေကို ဘာမှလည်းမဆိုင်ဘဲ ဟောက်လိုက်သေးလေသည် ။

~Ring Ring~

ရှက်ကိုးရှက်ကန်းဖြစ်နေချိန် မှန်တင်ခုံပေါ် တင်ထားသည့် ဖုန်းမှ ဖုန်းမြည်သံ ထွက်လာသဖြင့် ရောင်ခြည်က မိတ် ကပ်ပြင်နေသည့်သူကို လက်ဟန့်ပြလိုက်ပြီး -

"ခနလေးနော်.."

ရောင်ခြည်က ဖုန်းကို လှမ်းယူလိုက်ပြီး -

"ဟယ်လို.."

"အင်း..ရောင်ခြည်..ငါတို့ ရောက်ပြီ.."

"ဟုတ်လား..အေး အေး..မိတ်ကပ်ပြင်တဲ့အခန်းထဲ လာခဲ့ကြလေ.."

"အိုခေ အိုခေ.."

သူရိန့်ဘက်မှ ဖုန်းကျသွားပြီးနောက် ရောင်ခြည်လည်း ဖုန်းကို ခုံပေါ်သို့ ပြန်တင်လိုက်ပြီးနောက် ဦးနွေက -

Hello! My CrushWhere stories live. Discover now