Episode 58 (Zawgyi)

22 3 0
                                    

Vibrate~

Duty coat ထဲ ထည့်ထားသည့် ဖုန်းမှ vibration ဖြစ်လာသဖြင့် တိမ်စိုင်တစ်ယောက် round လှည့်နေသည့်ကြားမှ လှစ်ခနဲ ထုတ်ကြည့်လိုက်တော့ ဖုန်းခေါ်လာသူက လေပြည် ။

"ဆရာမ ခနလေးနော်..အရေးကြီးတဲ့ ဖုန်းလေးမို့လို့ပါ.."

"ဟုတ်ကဲ့ပါ ဒေါက်တာ.."

တိမ်စိုင်လည်း အတူround လှည့်နေသည့် သူနာပြုဆရာမဘက်ကို ခွင့်တောင်းလိုက်ပြီးနောက် လူရှင်းသည့် စင်္ကြန်လမ်းဆီသို့ လျှောက်လာခဲ့လိုက်သည် ။

"ဟယ်လို..လေပြည်.."

"အင်း..တိမ်စိုင်..နင့်ဘဏ်အကောင့်ထဲကိ ဒီလနင်ဆပ်ရမယ့် ငွေတွေ လွှဲထားပေးပြီးပြီနော်.."

"ဟင်..အင်း အင်းပါ.."

ဒီနောက်ပိုင်း လေပြည်က သူ့ဒက်ဒီ၏ခွင့်ပြုချက်ရတယ်ဆိုပြီး လွန်ခဲ့တဲ့ ၈လကျော်လောက်ကတည်းက တစ်လကို သိန်း၅၆၀ကျော်လောက် ချေးပေးခဲ့သည် ။ ဘာအတိုးမှလည်းမယူဘဲ ၊ ဘာအပေါင်ခံပစ္စည်းမှလည်း မတောင်းဘဲ
အလွတ်ချေးပေးခဲ့သည် ။ လေပြည်နှင့် တိမ်စိုင့်ကြားမှာ ဒီအကြွေးကိစ္စကလွဲရင် တခြားထွေထွေထူးထူးပြောစရာကိစ္စမရှိသမျှ လေပြည့်ဆီမှ ဆက်လာသည့် phone call တိုင်းက ဒီအကြွေးကိစ္စနှင့်သာ သက်ဆိုင်နေခဲ့သည် ။

ပြီးတော့ အခုဆိုရင် တိမ်စိုင်တို့အားလုံးက house surgeon ပြီးသွားပြီဖြစ်ပြီး တိမ်စိုင်က ရန်ကုန်ဆေးရုံကြီးမှာပင် တာဝန်ပြန်ကျခဲ့ပေမဲ့ သူရိန်နှင့် လေပြည်တို့ကတော့ တခြားနေရာဆီသို့ အသီးသီး ကျသွားခဲ့သည် ။
သူရိန်က ကုတင်၅၀၀ ဆေးရုံမှာ တာဝန်ကျသွားခဲ့ပြီး လေပြည်ကတော့ အမျိုးသမီးသားဖွားဆေးရုံမှာ တာဝန်ကျသွားခဲ့သည် ။ ထို့ကြောင့် လေပြည်နဲ့က အပြင်မှာ မဆုံဖြစ်တာအတော်ကြာရှိနေခဲ့ပြီး သူရိန်နှင့်ကတော့ အခုလက်ရှိထိ လက်တွဲနေဆဲ ၊ အတူနေနေဆဲပင် ဖြစ်သည် ။

လေပြည့်ဘက်ကသာ ဘာအတိုးမှမယူဘဲ ကြည်ကြည်ဖြူဖြူ လက်ခံချေးပေးခဲ့သည်ဆိုသော်လည်း တိမ်စိုင့်ဘက်ကတော့ ဝန်တစ်ခုလို ခံစားနေရသည် ။ တကယ်ဆို ဒီလောက်ငွေပမာဏအများကြီးကို ချေးပေးမယ်ဆိုရင် ကြီးကြီးမားမား အပေါက်ခံပစ္စည်းလိုတယ်မဟုတ်လား ။

Hello! My CrushWhere stories live. Discover now