မင်းက ကိုယ့်အတွက်..
ဆောင်းအကုန် နွေအကူး..
နွေဉီးရဲ့ ပထမဆုံး ရောင်ခြည်လေးမို့..
ကိုယ်မြတ်နိုးရပါတယ်..
မင်းရဲ့ အတိတ်က မလှခဲ့သည်ရှိသော်..
မင်းရဲ့ သမိုင်းက မလှခဲ့သည်ရှိသော်..
မင်းရဲ့ခန္ဓာက မသန့်ရှင်းတော့သည်ရှိသော်..
မင်းရဲ့ နာကျင်မှုတွေ ၊ ဝမ်းနည်းပူဆွေးမှုတွေ များခဲ့သည်ရှိသော်..
ကိုယ်လက်ခံနိုင်ပါတယ်..
ကိုယ်က..မင်းရဲ့ ယခုပစ္စုပ္ပန်က ပုံစံလေးကိုပဲ..
မြတ်နိုးရတဲ့လူမို့လို့..
ပစ္စုပ္ပန်မှာသာ အမြဲပျော်နေပေးပါ ကောင်လေး..
မင်းရဲ့အနောက်မှာ ကိုယ်အမြဲရှိနေမှာမို့..
လောကဓံကို ရဲရဲကြီးသာ စိန်ခေါ်လိုက်ပါ..
အကယ်၍ ပြိုလဲသွားခဲ့ရင်လည်း..
ကိုယ့်ပုခုံးလေးထက်မှာ..မင်းလေးနားခိုနိုင်ပါတယ်..
နွေဉီးသော်_____
ငါတို့တွေ..
ပထမတစ်ကြိမ် လမ်းခွဲခဲ့ကြပြီးပြီ..
နှစ်ဉီးသား..သူစိမ်းတွေလို နေခဲ့ကြပြီးပြီ..
မေ့နိုင်အောင်လို့ ကြိုးစားခဲ့ပြီးပြီ..
ဒါပေမဲ့..လက်လွှတ်ဖို့မဖြစ်နိုင်တော့..
ငါပြန်ပြီးတော့ ဖမ်းဆုပ်ထားမိတယ်..
ဆုံးရှုံးရမှာကြောက်တဲ့စိတ်ကြောင့်..
ငါ့မာနနဲ့သိက္ခာကို လျစ်လျူရှုပြီးတော့..
ငါမင်းဆီ ပြန်လာခဲ့တယ်..
ဒါပေမဲ့လည်း..သူရိန်..
သူရိန်ဆိုတဲ့ နေမင်းကြီးကို..
ငါလို မိုးသားတိမ်စိုင်တွေနဲ့ မဖုံးပစ်ချင်ဘူး..
မင်းက မြင့်သထက်မြင့်အောက်အထိ ပျံသန်းနိုင်မယ့်..
ငှက်ငယ်လေးတစ်ကောင်ပါ..
အတောင်စုံဖြန့်လို့ ပျံသန်းရင်း..
မောပန်းလာတော့မှ..
ငါ့ရဲ့အချစ်သစ်ပင်မှာ..
လာခိုနားလှည့်ပါ..
မိုးတိမ်စိုင်