ကျောခိုင်းသွားကာ သူ့နေရာသူထိုင်သွားသည့် ရှေ့နေဦးနွေဦးသော်ကို မကျေမနပ်နှင့် ရောင်ခြည်စိုက်ကြည့်မိ သည် ။ အခုလို သူ့ကို မကောင်းပြောဖို့ဆိုရင် အစက တည်းက ဘာလို့သဘောကောင်းပြခဲ့လဲ ။ ခံစားချက်တွေ ရှုပ်ထွေးရအောင် ။
ရောင်ခြည်လည်း တရားသူကြီးဘက်သို့ ပြန်လှည့်ကြည့် လိုက်တော့ တရားသူကြီးမင်းက -
"တရားခံရှေ့နေ..တရားခံကို မေးခွန်းမေးပါ.."
တရားသူကြီးစကားဆုံးတော့ ရောင်ခြည့်ရှေ့နေက ထိုင်ခုံ မှ ထလာခဲ့ပြီး ခုနက ရှေ့နေဦးနွေဦးသော် မေးသွားခဲ့သည့် မေးခွန်းနှင့် ခပ်ဆင်ဆင်သာ ရှိသည့် မေးခွန်းကိုသာ ထပ်မေးခဲ့သည် ။ ဒါပေမဲ့ ရောင်ခြည်တစ်ခုစဥ်းစားမိတာက တရားလိုရှေ့နေမေးသွားသည့် မေးခွန်းတွေက ရောင် ခြည်က တရားခံပါဆိုပြီးတော့ မပြောနိုင်သည့်မေးခွန်းတွေသာ မေးသွားခံသည် ။ မသိသည့် တခြားသူတွေအထင်မှာ ရှေ့နေဦးနွေဦးသော်က ရောင်ခြည်၏ ရှေ့နေဟု ထင်ကောင်းထင်နိုင်ပေလိမ့်မည် ။
ရောင်ခြည့်ရှေ့နေ၏ မေးခွန်းတွေ ပြီးသွားသည့်နောက် တရားလိုရှေ့နေဦးနွေဦးသော်ကို တင်ပြစရာသက်သေရှိသလားမေးတော့ သူက ငြင်းဆန်စကားဆိုခဲ့သည် ။
"ခိုင်ခိုင်မာမာထောက်ပြစရာ သက်သေအနေနဲ့ မတွေ့ရှိရပါဘူး..ကျွန်တော့်အထင်..တရားခံကို မှားယွင်းစွပ်စွဲမိနေတာ ထင်တယ်.."
"ရှေ့နေ..တရားခွင်မှာ ထင်ကြေးပေးတာတွေက အသုံး မဝင်တဲ့ကိစ္စပါ..တိကျတဲ့ သက်သေမပြနိုင်ရင် တရားခံက
အပြစ်ကင်းတဲ့သူဖြစ်သွားမယ်ဆိုတာ သိတယ်ဟုတ်..""ဟုတ်ကဲ့..သိပါတယ်..ကျွန်တော်က တရားလိုရှေ့နေဆိုပေမဲ့ ဒီသေဆုံးမှုမှာ ဒီကတရားခံမောင်လင်းရောင်ခြည်သစ်နဲ့ ဘာမှမဆိုင်တဲ့ကိစ္စလို့ ထင်မိပါတယ်..မှားယွင်းစွပ်စွဲမိခဲ့တာ ဖြစ်ပါလိမ့်မယ်.."
"ကောင်းပြီလေ..တရားခံရှေ့နေကရော..တင်ပြစရာ သက် သေရှိသေးလား.."
"မရှိပါဘူး တရားသူကြီးမင်း.."
"ကောင်းပြီ..ဒါဆိုရင်လည်း ဒီနေ့တရားခွင်ကို ဒီမှာရပ်ကြတာပေါ့..နောက်တရားခွင်ကို သဘတ်ခါကျမှ ပြန်စတာပေါ့..တရားခံက အပြစ်ရှိသလား အပြစ်မရှိဘူးလားဆိုတာကိုလည်း..အဲ့ဒီနေ့မှာ ထုတ်ပြန်ပါမယ်..ဒီနေ့တော့ ဒီလောက်ပါပဲ.."