နွေဉီးသော်တစ်ယောက် အလောင်းစစ်ဆေးမှုပြုလုပ်ပြီးနောက် သေဆုံးသူတို့၏ အဝတ်ထုပ်ကို ယူကာ အိမ်သို့ ပြန်လာခဲ့သည် ။ အိမ်သို့ပြန်ရောက်တော့ မီးဖိုချောင်အခန်းထဲသို့ ဝင်လာခဲ့ပြီး ကြမ်းခင်းကျောက်ပြားအဖြူပေါ်၌ ထိုင်ချလိုက်သည် ။ ထို့နောက် လက်အိတ်ကို စွပ်လိုက်ပြီး ကြွပ်ကြွပ်အိတ်ကို ဖွင့်လိုက်ကာအထဲမှ အင်္ကျီတစ်ထည်ကိုဆွဲထုတ်လိုက်သည် ။ ပြီးနောက် ခပ်ဖွဖွ ခါချလိုက်တော့ ကြမ်းခင်းကျောက်ပြားအဖြူပေါ်သို့ အမှုန်အမွှားတချို့နှင့် ဆံသားစတချို့ ကျသွားလေသည် ။
ထို့အခါ နွေဉီးသော်က ထိုဆံသားစတချို့ကို ပလက်စတစ်အိတ်သန့်တစ်လုံးထဲသို့ ထည့်လိုက်ပြီး DNA စစ်ရန်အတွက် သိမ်းလိုက်သည် ။ ထို့နောက် ဘောင်းဘီအိတ် ကပ်ထဲမှ ဖုန်းကို ထုတ်ယူလိုက်ပြီးနောက် -
"ဟယ်လို..ဟုတ်ကဲ့ ဉီးဘုန်းသစ်စလား.."
"ဟုတ်ပါတယ်.."
"ကျွန်တော် ခုနက ရှေ့နေပါ.."
"ဪ..မောင်နွေဉီးသော်.."
"ဟုတ်ကဲ့..ဟို..ရဲတွေရဲ့ ရှာဖွေတွေ့ရှိချက်တွေအရ သေ ဆုံးသူဖြစ်တဲ့ မောင်သော်ဇင်ထက်ရဲ့ ကားက ဟားခါးမြို့အထွက်မှာ တွေ့တယ်လို့ ပြောတယ်..ဟုတ်လားဗျ.."
"ဟုတ်တယ်လေ.."
"အခု အဲဒီကားရော.."
"ဉီးလေးတို့ကားဂိုဒေါင်ထဲမှာ.."
"ဒါဆိုရင် အဲဒီ့ကားကို အခု ဘာလုပ်ထားသေးလဲ.."
ထိုကားကို သန့်ရှင်းရေးမလုပ်မိဖို့ နွေဉီးသော်မျှော်လင့်ရင်း မေးကြည့်လိုက်သည် ။
"ဘာမှတော့ မလုပ်ရသေးပါဘူး..အကယ်၍ သတ်သွားတဲ့သူရဲ့ လက်ရာခြေရာတွေ ရှိရင် ပျက်သွားမှာစိုးလို့ ဒီအတိုင်းထားထားတာ.."
ဟား..
ထိုစကားကြားတော့မှ နွေဉီးသော်တစ်ယောက် သက်ပြင်း ချမိတော့သည် ။
"တော်သေးတာပေါ့ဗျာ..ဒါဆို ကျွန်တော် ကားစတီ ယာတိုင်ပေါ်က လက်ဗွေအားလုံးကို လိုချင်တယ်ဗျ..ကျွန်တော့်ကို အဲ့ဒါလေးတော့ ကူညီပေးပါ.."