"တိမ်စိုင်.."
"ဟင်.."
"အကယ်၍..စာမေးပွဲဖြေပြီးလို့ ကျောင်းပိတ်သွားရင် မင်းနဲ့ ဘယ်လိုအဆက်အသွယ်လုပ်ရမလဲ.."
ထိုနေ့မနက်က အံ့သူရိန်မင်းတစ်ယောက် တိမ်စိုင့်ကို မေးမိသည်..။ အချိန်တွေက ကုန်လာခဲ့သည်မှာ ဒီဇင် ဘာတောင် ရောက်လာပြီဖြစ်ပြီး စာမေးပွဲကြီးဖြေဖို့ ၃ လသာ လိုတော့သည်..။
"ဖုန်းဆက်ပေါ့.."
"ငါ မင်းဖုန်းနံပါတ်မှ မသိတာ..ဘယ်လိုဆက်ရမှာလဲ.."
"အာ..ဟုတ်သားပဲ..မင်းကို ဖုန်းနံပါတ် မပြောပြဖူးဘူးပဲ.."
"အင်း..ပေးထားဦး.."
"အေးပါ.."
တိမ်စိုင်က စာအုပ်တစ်အုပ်ရဲ့အနောက်မှာ ဖုန်းနံပါတ်တစ်ခုကို ရေးပေးပြီးနောက် ဖြဲကာ ပေးလေသည်..။
"ဒါက ငါ့ဖုန်းနံပါတ်ပဲ..မင်းဆက်ချင် ဆက်လို့ရတယ်.."
"ဆက်မှာပေါ့..ကိုယ့်ကောင်လေးပဲကို.."
"အင်း.."
_____
"အံ့သူရိန်မင်းနဲ့ မိုးတိမ်စိုင်..အပေါ် ခနလာဦး.."
ကိုယ်ပိုင်စာကျက်ချိန်ရောက်တော့ သူတို့တွေ ပင်မဆောင်ဘက်သို့ လာကြရသည်..။ ရောက်ပြီး သာကျက်ဖို့ပြင်နေချိန် ဆရာဦးစိုးအောင်က အပေါ်ထပ်မှ ဆင်းလာပြီး နာမည်အရင်းကိုခေါ်ပြီး တက်လာခိုင်းသဖြင့် အံ့သူရိန်မင်းတို့ တစ်ယောက်မျက်နှာတစ် ယောက်ကြည့်ပြီး ရင်ထိတ်သွားရသည်..။ တခြားကျောင်းသားတွေကလည်း သူတို့ကို ကြည့်လာကြသဖြင့် တိမ်စိုင်လည်း ရစ်မနေတော့ဘဲ အရင်ထသွားလေတော့သည်..။ အံ့သူရိန်မင်းကလည်း တိမ်စိုင်အနောက်မှ လိုက်လာခဲ့လိုက်ကာ အပေါ်ထပ်သို့ တက်လာခဲ့လိုက်သည်..။
အပေါ်ထပ်ရောက်တော့ ဆရာဦးစိုးအောင်ရယ်.. အစ်မရယ်က ထိုင်ခုံ၌ ရုပ်တည်တည်နှင့် ထိုင်နေကြသည်..။
"ကဲ..လာကြ..မေးစရာရှိလို့.."
"ဟုတ်ကဲ့.."
သူတို့နှစ်ယောက်လည်း ကုတ်ကုတ် ကုတ်ကုတ်နှင့် ဆရာတို့ဘေးသို့ လျှောက်သွားလိုက်သည်..။