"Breeze?? "
တိမ်စိုင်လည်း အမေကမ်းပေးလာသည့် ကဒ်ထဲမှ ဖုန်းနံပါတ်ကို ဖုန်းဆက်လိုက်သည်..။ စိတ်က သိပ်မရှည်ချင်တော့ချေ..၊ အဖေက ခြေထောက်တစ်ချောင်းလုံး အရိုးကြေနေပြီး ဘာမှလည်း အလျော်အကြေးမပေးသည့် ထိုBreeze ဆိုသည့် ကုမ္ပဏီကို လည်း တော်တော်လေး ဒေါသထွက်မိနေသည်..။
"ဟယ်လို..Breeze International Business Company ကပါရှင့်.."
"ဟုတ်ကဲ့..အဲဒီ့ကုမ္ပဏီက ကားကဘရိတ်ပေါက်ပြီး တိုက်သွားတဲ့ကိစ္စကို ပြောချင်လို့ပါ..တာဝန်ရှိသူကို ဖုန်းတစ်ချက် လွှဲပေးပါ.."
"ဪ..မနက်ကဖြစ်သွားတဲ့ကိစ္စထင်တယ်..ညီမတို့ ဘက်က အားလုံးအလျော်အစားပေးမယ်လို့ ပြောခဲ့ ပါတယ်.."
"သိပါတယ်..ဒါပေမဲ့ ဘယ်တော့လဲ..ဟမ်..ဘယ်တော့ အလျော်အစားပေးမှာလဲ..ကျွန်တော်က တိုက်ခံထိတဲ့သူရဲ့သားပါ..အခု အဖေက ခြေထောက်တစ်ဖက်က အရိုးကြေနေပြီ..အရေးပေါ်ခွဲစိတ်ဖို့ လုပ်ချင်ပေမဲ့ ကြိုတင်စရံပေးရမယ်တဲ့..ကျွန်တော်တို့မှာလည်းမရှိဘူး..အဲဒါကြောင့်ပါ..ဒီမှာလူနာက သေလုနီးနီးဖြစ်နေပြီဗျ..ခင်များတို့နဲ့ မသတ်ဆိုင်တိုင်း..ပြီးစလွယ်မလုပ်ပါနဲ့..အခုချက်ချင်း!! ဆေးရုံလာခဲ့ပါ..မလာလို့ကတော့ ခင်များတို့ ကုမ္ပဏီတစ်ခုလုံးကို..တရားစွဲပစ်မယ်.."
"ဟုတ်ပြီ ဟုတ်ပြီ..ညီမ..သူဌေးကို ပြောပြီး အခုလာခဲ့မယ်နော်.."
ပြောပြီးတာနဲ့ ထိုအမျိုးသမီးဘက်မှ ဖုန်းချသွားလေသည်..။
တောက်!!
တိမ်စိုက်တစ်ယောက် မခံမရပ်နိုင်ဖြစ်နေခဲ့ပြီး အမေ့လက်ထဲ ဖုန်းကို ထည့်ပေးလိုက်ပြီး ဆေးရုံခန်းထဲမှ ထွက်လာခဲ့ကာ ဆေးကောင့်တာဆီသို့ လျှောက်လာခဲ့ သည်..။
"ဒီမှာ အစ်မ..ကားအက်ဆီးဒင့်ဖြစ်ပြီး ခြေထောက်အရိုးကြေသွားတဲ့သူကို ဒီအတိုင်းပဲ ထားတော့မှာလား.."
"အရေးပေါ်ခွဲစိတ်မှုက ကြိုတင်စရံပေးရပါမယ်နော်.. အဲဒီ့အခါကျမှ အစ်မတို့ဘက်ကလည်း လုပ်ပေးနိုင်တာ မို့လို့ပါ.."
"ဟား!! ပိုက်ဆံကအရေးကြီးလား လူ့အစက်က အရေးကြီးလား..ဟမ်!! လူနာက ဒီအတိုင်းထားရင် ခြေထောက်ပါ ဖြတ်ပစ်ရတော့မှာ..အစ်မတို့ဆီမှာ ကိုယ်ချင်းစာနာစိတ် မရှိကြဘူးလား.."