ဟားခါးမြို့၏ မြေနိမ့်ပိုင်း၌ ခပ်ကျယ်ကျယ်ယူထား သည့် ခြံဝင်းထဲတွင် တစ်သီးတစ်သန့် ထင်းလင်းနေသော အဖြူရောင်တိုက်ကြီးတစ်ခု..။ ထိုတိုက်ကြီးကတော့ ခြံအဝကစလို့ အိမ်အတွင်းဘက် အိမ်သာ အထိတိုင် အစောင့်အကျပ်များရှိနေလေသည်..။
အခုလက်ရှိတော့ ထိုအိမ်ကြီးထဲ၌ ပူဆွေးမှုများ ရှိနေလေသည်..။ ချင်းပြည်နယ်၏ အအောင်မြင်ဆုံးစီး ပွားရေးလုပ်ငန်းရှင်ကြီးဖြစ်သည့် ဦးဘုန်းသစ်စ တစ်ယောက် သူ့သားသေဆုံးနှင့်ပတ်သတ်ပြီး ပူဆွေးဝမ်း နည်းနေပြီး အခဲမကျေဖြစ်နေခဲ့သည်..။
"ဘယ်ကောင်ကများ ငါ့သားကို အခုလိုလုပ်ရဲတာလဲ.."
သူ၏ တခမ်းတနားပရိဘောဂများနှင့် အလှဆင်ထားသည့် ရုံးခန်းထဲ၌ ထိုင်ကာ စဥ်းစားနေလေသည်..။ ဒီနယ်မှာက ကိုယ်ကဘုရင်ဆိုတော့ အားလုံးက ကိုယ်စေရာ ရေဖြစ်သည်..၊ သို့သော် အခုက သူ၏သားက အသတ်ခံလိုက်ရသဖြင့် ဦးဘုန်းသစ်စတစ်ယောက် စဥ်းစားရခက်နေသည်..။
ကိုယ်ကသာ ဘယ်လောက်ထိရက်စက်ရက်စက်..၊ ကိုယ်နဲ့ပတ်သတ်လာရင်တော့ အထိခိုက်မခံသည့်သူ..။ အခုလည်း သူ့သားကိုသတ်သွားသည့်သူကို မြေလှန်ရှာသင့်ရင်လည်း ရှာရလိမ့်မည်..။
ဒေါက်! ဒေါက်!
ထိုအချိန် ရုံးခန်းတံခါးခေါက်သံထွက်ပေါ်လာပြီး ဦးဘုန်းသစ်စ၏ အတွင်းရေးမှူးက အခန်းထဲသို့ ဝင်လာ လေသည်..။
"ဆရာ..ကျွန်တော် ရှေ့နေ ခေါ်လာခဲ့ပါပြီ.."
"အေး..ဝင်လာခိုင်းလိုက်.."
ဦးဘုန်းသစ်သ၏ စကားအဆုံး၌ အတွင်းရေးမှူးလူ က တံခါးကို အသာဟလိုက်ပြီး ရှေ့နေကို အထဲသို့ ပေးဝင်စေလိုက်သည်..။
"ထိုင်ပါ.."
ဦးဘုန်းသစ်စက စားပွဲပးအရှေ့မှ ခုံကို ညွှန်ပြလိုက်ပြီးနောက်-
"ကျွန်တော့်သား အသတ်ခံလိုက်ရတဲ့အကြောင်းကို ကြားသင့်သလောက်တော့ ကြားပြီးလောက်ပြီပေါ့.."
"ဟုတ်ကဲ့..ကြားပြီပါပြီ..ဒီကဦးဘုန်းသစ်စရဲ့သားက ဟားခါးမြို့အတွက်က တောင်ခြေအောက် သစ်တောတွေထဲမှာ တွေ့တယ်လို့ ရဲတွေကတော့ ပြောတယ်.."