ကျောခိုင်းထွက်သွားသည့် လင်းရောင်ခြည်သစ် ပျောက်သွားသည့်အချိန်အထိ လှည့်ကြည့်နေသည့် သူရိန့်ကိုကြည့်ရင်း တိမ်စိုင်တစ်ယောက် စိတ်ထဲအလိုမကျဖြစ်မိသည်..။ သူတို့ရဲ့ဆက်ဆံရေးက သာမန်သူငယ်ချင်းထက်ကို အရမ်းပိုနေသလို ခံစားရသည်..။
အခုလောက်ထိ စိတ်ပူဖို့လိုလို့လား..၊ တိမ်စိုင့်ကိုတောင် သူတစ်ခါမှ အဲ့ဒီလို စိတ်မပူဖူးချေ..။ အခုချိန်မှာ ကိုယ်တို့က တွဲနေကြပြီဖြစ်သည့်အတွက် ကန့်သတ်ချက်တချို့တော့ ထားသင့်ပြီထင်သည်..။
တိမ်စိုင်လည်း ထိုကိစ္စကို နှစ်ယောက်တည်းရှိသည့်အခါကျတော့မှသာ ပြောမည်ဟု ဆုံးဖြတ်လိုက် ပြီး နေ့လည်စာကိုသာ ဆက်စားနေလိုက်သည်..။ ထို့အပြင် အတန်းချိန်ပြန်တက်တော့လည်း လေပြည့်ဘေး၌သာ သွားထိုင်လိုက်သည်..။
သူရိန်ကတော့ သူ့အနားမှာ မထိုင်တော့သည့် တိမ်စိုင် ကို အူကြောင်ကြောင်နှင့် လှည့်ကြည့်လာခဲ့သော် လည်း တိမ်စိုင်ကတော့ မသိချင်ယောင်သာ ဆောင်နေခဲ့လိုက်သည်..။
အံ့သူရိန်မင်းတစ်ယောက် ညနေဘက် အဆောင်သို့ပြန်လာတော့ ရောင်ခြည်က ကြမ်းပြင်ပေါ်၌ ထိုင်နေပြီး ကုတင်ကို ကျောမှီကာ ဒူးနှစ်ချောင်းထောင်ထားသည်..။ အခန်းထဲသို့ဝင်လာသည့် သူ့ကို လှည့်ကြည့်လာသည့် ရောင်ခြည့်မျက်နှာက ငိုထားလို့လားမသိ..၊ မို့အစ်နေသည်..။
"ရောင်ခြည်..အဆင်ပြေရဲ့လား..အခြေအနေက ဘယ်လိုတဲ့လဲ.."
လွယ်အိတ်ကို စားပွဲခုံပေါ်သို့ တင်လိုက်ပြီးနောက် ရောင်ခြည်ထိုင်နေသည့်ဘက်သို့ ပြန်လျှောက်လာခဲ့ ပြီး သူ့ဘေး၌ ဝင်ထိုင်လိုက်သည်..။
ရောင်ခြည်ကတော့ မျက်နှာမူရာ အရှေ့၌ ရှိသည့် မြင်ကွင်းကိုသာ ခပ်တွေတွေ ငေးကြည့်နေရင်း တိတ်ဆိတ်နေလေသည်..။
"ပျောက်တဲ့သူတွေထဲက သုံးယောက်ကို ပြန်တွေ့တော့ သေနေပြီတဲ့.."
"ဘာ..သေသွားပြီပေါ့လေ.."
အံ့သူရိန်မင်းတစ်ယောက် အလန့်တကြားမေးလိုက်တော့ ရောင်ခြည်က ခေါင်းကို ခပ်ဆတ်ဆတ်သာ ညိတ်ပြပြီး တုန့်ပြန်လေသည်..။