Episode 59 (Unicode)

132 11 6
                                    

"စိတ်မပူပါနဲ့..ဒီဇာတ်လမ်းမှာ..နင်ဗီလိန်မဟုတ်ပါဘူး.. ဒါပေမဲ့ ငါကတော့ သစ္စာဖောက်သူတစ်ယောက်ဖြစ်လာတော့မှာ.."

တိမ်စိုင်တစ်ယောက် လေပြည်နှင့် တွေ့ပြီးအပြန်လမ်း၌ တစ်လမ်းလုံး ရင်ထဲ၌ ဟာသလိုလို လေးလန်နေသလိုလိုနှင့် ခံစားချက် မကောင်းချေ ။

ဒါပေမဲ့လည်း အခုအခြေအနေက ဘယ်လိုမှ ရှောင်လွှဲလို့ မရတော့တဲ့ အခြေအနေကို ရောက်သွားပြီလေ ။ လေပြည့်ကို လက်ထပ်မှ ရတော့မယ့်အခြေအနေကို ရောက်နေပြီ ၊ ပြီးတော့..လေပြည်ကလည်း ကင်ဆာနောက်ဆုံးအဆင့်တဲ့လား ။

တိမ်စိုင်တစ်ယောက် ပြန်စဥ်းစားလိုက်တိုင်း ခေါင်းတစ်ခုလုံး ရှုပ်ထွေးသွားရပြီး အခုလက်ရှိ ငါက ငါရောဟုတ် ရဲ့လား ၊ တခြားသူတွေအတွက် အဖြည့်ခံလားဆိုတာ ပြန်ပြီး မေးခွန်းထုတ်မိခဲ့သည့်အထိပင် ။

"ငါ့ကို တစ်ပတ်လောက်တော့ အချိန်ပေးလို့ရမလား.."

"အင်း..နင်လည်း အချိန်ယူပြီး စဥ်းစားသင့်တာပေါ့..ငါနားလည်ပါတယ်.."

တစ်ပတ် ၊ တိမ်စိုင်တစ်ယောက် တစ်ပတ်အချိန်တောင်းခဲ့တယ် ။ ဟုတ်တယ်လေ ၊ အခုလိုမျိုး ရုတ်တရက်ကြီး ထဖြစ်လာတဲ့ကိစ္စကြီးကို အဖြေရှာစဥ်းစားဖို့အတွက် အချိန်တစ်ခုတော့လိုတယ်မဟုတ်လား ။

တိမ်စိုင်ထိုကိစ္စကို တွေးမိလိုက်တိုင်း သူရိန့်က မျက်လုံးထဲ၌ သူ့အလိုလိုပုံပေါ်လာလေသည် ။

၈နှစ်နီးပါးလောက် တွဲခဲ့ကြတဲ့ ဆက်ဆံရေးလေ ။ လွယ်လင့်တကူ အခုတွဲ အခုပြတ် ဆက်ဆံရေးမှ မဟုတ်ခဲ့တာ ။ ဘဝတစ်ခုလုံး ပုံအပ်ပြီး နှစ်ယောက်အတူ ရပ်တည်ခဲ့ကြတာလေ ။ နားလည်မှုနဲ့ ယုံကြည်မှုတို့ အရင်းခံပြီး တွဲခဲ့ကြတဲ့ တိမ်စိုင်တို့က အခုလိုရုတ်တရက်ကြီးဖြစ်လာတဲ့ကိစ္စကြောင့်နဲ့ လမ်းခွဲဖို့အထိ ဖြစ်လာခဲ့ပြီလား ။

လေပြည်ကရော ၊ သူတောင်းဆိုတဲ့အပေးအယူကို လက်ခံမှ ဖြစ်မှာလား ။ အဲ့ဒီလိုစဥ်းစားကြည့်တော့လည်း အ ကယ်၍ တိမ်စိုင်က အဲ့ဒီ့ချေးပေးတဲ့ငွေတွေကိ မဆပ်နိုင်ရင် ဘာဖြစ်မှာလဲ ၊ လေပြည့်အဖေဘက်က တရားဆွဲမှာလား ။ လေပြည့်ဘက်က..ရတယ် ပြန်ဆပ်စရာမလိုဘူး လို့ ပြောလာဖို့ကလည်း ဘယ်နည်းနဲ့မှမဖြစ်နိုင်ချေ ။ တစ်ခုခုတော့ ဆပ်သင့်တာပေါ့ ၊ ပြီးတော့ အကယ်၍သာ ခေါင်းမာစွာနဲ့  မဆပ်ဘဲ နေခဲ့ရင် နေရင်းထိုင်ရင်း မိဘတွေပါ စိတ်ဆင်းရဲရဦးမည်ဖြစ်သည် ။ အချစ်တစ်ခုကြောင့်နဲ့ တိမ်စိုင်ရော တိမ်စိုင့်မိဘတွေရော အားလုံး ပျက်စီးရကိန်းရှိသည် ။

Hello! My CrushWhere stories live. Discover now