Episode 61 (Zawgyi)

19 2 0
                                    

"ဒီလိုနှစ်ယောက်သား Date ဖို့အစီအစဉ်နဲ့ မသွားတာ ကြာလို့ထင်တယ်..ဒီနေ့ကျမှ စိတ်ထဲ ရာသီဥတုက အ တော်လေးကို သာယာနေပါလား.. "

ကွန်ဒိုအောက်သို့ ဆင်းလာပြီးနောက် သူရိန်က ကောင်း ကင်ကြီးကို မော့ကာ မျက်လုံးအစုံကို မှိတ်ထားရင်း ခပ်တိုးတိုးလေး ပြောလိုက်လေသည် ။

"သွားကြမယ်.."

နားထဲ၌ တိမ်စိုင့်အသံကို ကြားလိုက်ရသောကြောင့် သူရိန်တစ်ယောက် မျက်လုံးဖွင့်ကြည့်လိုက်တော့ တိမ်စိုင်က သူရိန့်ဘေးမှ ဖြတ်လျှောက်သွားလေသည် ။ အရင်ကဆို ဒီလိုနှစ်ယောက်သားdate ရင် အမြဲလက်တွဲနေကျလေ ၊ ဒီနေ့ကျမှ ထူးထူးဆန်းဆန်း ။

သူရိန်လည်း မျက်ခုံးကို မသိမသာလေး ကျုံ့လိုက်ပြီး တိမ်စိုင်အနောက်သို့ ပြေးလိုက်သွားကာ ဆတ်ခနဲဆိုသလိုပင် တိမ်စိုင့်လက်ကို ဖမ်းဆုပ်ပစ်လိုက်သည် ။

"မိပြီ.."

"ဟင်..ဘာကိုလဲ.."

တိမ်စိုင်က ကြောင်တောင်တောင်နှင့် လှည့်မေးလာ​တော့ သူရိန်က ဆုပ်ကိုင်ထားလျက်သားဖြစ်သော လက်ကို ထောင်ပြလိုက်ပြီး -

"လက်ကိုပြောတာလေ..မင်းက မတွဲတော့ ငါက တွဲရမှာပေါ့..အဓိကက ငါတို့လက်တွေ တွဲထားဖို့ပဲလေ.."

"ဪ..အင်းပေါ့..ဒါနဲ့..အခု ငါတို့ ဘယ်သွားကြမလဲ.."

"အင်း..မြန်မာပလာဇာသွားကြမလား.."

"ဟင့်အင်း..နီးနီးနားနား စံရိပ်ငြိမ်ဂမုန်းပွင့်ပဲ သွားကြတာပေါ့.."

"ဟင်..အဲ့နေရာကြီး မရိုးသေးဘူးလား.."

"ဟင့်အင်း..မရိုးပါဘူး..ငါတို့ပြန်ပြီးတွဲဖို့ လက်ခံခဲ့တဲ့ နေရာလေးလေ.."

သူရိန့်ဘက်ကသာ ခံစားချက်ကို မျက်နှာမှာပေါ်အောင် ပြောနေပေမဲ့ တိမ်စိုင့်မျက်နှာကတော့ ဒီနေ့လိုနေ့မျိုးနှင့် မလိုက်မဖက် သိပ်ကို အေးစက်လွန်းနေသည် ။ အခုလည်းဘာမှမဆိုင်ဘဲ လွန်ခဲ့တဲ့၈နှစ်ကျော်က အကြောင်းကို ပြောနေပြန်လေသည် ။

"အင်း..သိတယ်လေ..ငါမှတ်မိပါတယ်..အဲ့ဒါနဲ့ပဲ အဲ့ဒီနေရာကြီးကို သွားမှာလား.."

Hello! My CrushWhere stories live. Discover now