တိမ်စိုင်တို့နှစ်ယောက် ရေမိုးချိုးပြီး ညနေစောင်းကျတော့ သူရိန်တို့ လမ်းထဲ၌ ကျိုက်ပေါလောမှဲ့ရှင်တော် ဘုရားဆီသို့ လာခဲ့ကြသည် ။ ဘုရားမုဒ်ဝ ဝင်ဝင်ချင်မှာပင် ဗုဒ္ဓဝင်နှင့် ပတ်သတ်သည့် ပန်းချီကားချပ်များက မျက်နှာကြက် ပေါ်တွင် အစီအရီပင် ။
~Ring Ring~
သူရိန့်လက်ထဲကိုင်ထားသည့် တိမ်စိုင့်ဖုန်းက ဖုန်းဝင်လာသဖြင့် သူရိန်လည်း ရုတ်တရက်မို့ ဖုန်းဆက်ခရင်ကို ငုံ့ကြည့်မိလိုက်သည် ။
Lay Phay ။
ရင်းရင်းနှီးနှီးမှတ်ထားသည့် နာမည်ကြောင့် ဒါဘယ်သူ့ဖုန်းလဲဆိုတာကို မေးစရာပင်မလို ၊ တန်းသိသည် ။ ခေတ်လေပြည်သွေးပင် ၊ ဘာကြောင့် ဒီလိုမှတ်ထားတာလဲဆိုပြီး သဝန်တိုကာ မေးဖို့ မသင့်လျော်သည့်အတွက် အမှတ်တ မဲ့သာ ကြည့်ပြီးနောက် -
"တိမ်စိုင်..မင်းဖုန်းလာတယ်.." ဆိုပြီး ဖုန်းကို တိမ်စိုင့်ဆီသို့ ကမ်းပေးလိုက်လေသည် ။
"ဪ..လေပြည်ပဲ..ဟယ်လို လေပြည်ပြော.."
တိမ်စိုင်က ခပ်တိုးတိုးရေရွတ်လိုက်ပြီးနောက် ဖုန်းကိုင်လိုက်ကာ သူရိန်အမှတ်မထင်မှာပင် ဖုန်းကို speaker ဖွင့်လိုက်လေသည် ။
"အင်း..တိမ်စိုင်..နင်ဘယ်မှာလဲ.."
"ဟင်..ငါလား..ငါအခု ကျိုက်ထိုမှာလေ..သူရိန့်နဲ့ လိုက်လာတာ..ဘာဖြစ်လို့လဲ.."
"ဪ..ကျိုက်ထိုရောက်နေတာလား.."
"အင်း..ဘာကိစ္စရှိလို့လဲ.."
"ငါ့မွေးနေ့ပါတီဖိတ်ချင်လို့ပါ.."
"အာ..မွေးနေ့လား..ဘယ်နေ့လဲ.."
"မနက်ဖြန်ညနေ.."
"အို..အားနာစရာပဲ..အခုလိုဖိတ်ပေးတဲ့အတွက် ကျေးဇူး တင်ပါတယ်..ဒါပေမဲ့..ငါ မလာနိုင်တော့ဘူးထင်တယ်.. အခုက ခရီးလွန်နေတော့လေ.."
"အင်းပါ အင်းပါ..ငါက နင်ရန်ကုန်မှာပဲ ထင်လို့..ဖိတ်လိုက်တာ.."
"ဪ..မဟုတ်ဘူးဟ..ဒီတစ်လလုံး ငါ သူရိန်တို့ ကျိုက်ထိုမှာပဲ ရှိမှာ.."
"ဪ..အေးပါ အေးပါ.."
"မနက်ဖြန်ကျမှ Birthday wish တင်ပေးတော့မယ် နော်..သူငယ်ချင်း.."