Episide 33 (Zawgyi)

21 4 0
                                    

ရောင်ခြည်တစ်ယောက် ချိန်းထားတဲ့အချိန်မတိုင်ခင်က တည်းကပင် အိမ်ကထွက်လာခဲ့လိုက်သည် ။ ပြီးတော့ အလာလမ်းမှာ ဆိုင်တစ်ဆိုင်ထဲမှ super glue ကို အကတ်လိုက်နှင့် မေ့ဆေးတစ်ပုလင်းကို ဝယ်လာခဲ့လိုက်ပြီး ချိန်းထားသည့် ကာရာအိုကေဆိုင်ဆီသို့ လာခဲ့လိုက်သည် ။

ကာရာအိုကေအခန်းထဲရောက်တော့ အခန်းက မွေးနေ့ပွဲလိုလို ပြင်ဆင်ထားသည့်ပူဖောင်းများကြောင့် ရောင်ခြည်တစ်ယောက် ခပ်ရေးရေးပြုံးလိုက်သည် ။ ထို့နောက် ဆို ဖာပေါ်၌ ဝင်ထိုင်လိုက်ပြီး super glue ကတ်ကို ဆိုဖာအောက်သို့ ထိုးထည့်ထားလိုက်သည် ။ ထို့နောက် ဝတ်ထားသည့် ခပ်ပွပွဘောင်းဘီကို ချွတ်လိုက်ပြီး boxer တစ်ထည်တည်းနှင့်သာ ဆိုဖာပေါ်သို့ မှီထိုင်လိုက်သည် ။ သီ ချင်းတချို့ကို ရွေးချယ်လိုက်ပြီး စိတ်မပါတစ်ပါ ဆိုရင်း သော်ဇင်ထက်တို့အလာကို စောင့်နေခဲ့သည် ။

ခနကြာတော့ သော်ဇင်ထက်တို့က အခန်းထဲသို့ ဝင်လာကြသဖြင့် ရောင်ခြည်လည်း ခပ်ဆတ်ဆတ် လှည့်ကြည့်လိုက်သည် ။ သော်ဇင်ထက်သူငယ်ချင်းနှစ်ယောက်ထဲမှ တစ်ယောက်က တစ်ခုခုကို ထမ်းထားလေသည် ။ ခဲပတ်အိတ် နှင့် ထည့်ထားသည့် ထိုအရာက အောက်ချင်း၏ အ လောင်းဆိုတာကို ရောင်ခြည်ခန့်မှန်းမိသည် ။

"လာ ထိုင်ကြ.."

"အင်း.."

သော်ဇင်ထက်၏ မျက်လုံးက ရောက်ခြည့်ကို မြင်တော့ဖြူဖွေးနေသည့် ပေါင်တံဆီသို့ အကြည့်ရောက်သွားလေသည် ။ ဝင်လာစမ်းပါ ၊ ငါ့ထောင်ချောက်ထဲကို ။

ရောင်ခြည်လည်း ဆိုဖာပေါ်  လျော့ရိလျော့ရဲထိုင်နေရာမှ ပြန်ထလိုက်ပြီး ဆိုဖာပေါ်ထိုင်ရန် အကြည့်တစ်ချက်ပြလိုက်သည် ။

"ဟိုဟာက..ဟိုကောင့်အလောင်းလား.."

"အင်း.."

ထိုစကား​ကိုပြောတော့ ရောင်ခြည့်နှလုံးသားတစ်ခုလုံး စူးအောင့်သွားရသည် ။ သို့သော် မျက်ရည်မဝဲအောင် ကြိုးစားထိန်းရင်း မျက်နှာလွှဲလိုက်ရသည် ။

"ဘာမှာထားပြီးပြီလဲ.."

သော်ဇင်ထက်က ရောင်ခြည့်ဘေးနားသို့ ဝုန်းခနဲ ထိုင်လိုက်ပြီး ပေါင်ပေါ်သို့ လက်တင်လာသဖြင့် ရောင်ခြည်လည်းတစ်ချက်တော့ လှည့်ကြည့်လိုက်သည် ။ သို့သော် လည်း ကိုယ်ထောင်ထားသည့် ထောင်ချောက်ထဲ ဝင်လာသည့် ကြွက်သူငယ်ကို ခြောက်လွှတ်လို့ မဖြစ်ဘူးလေ ။

Hello! My CrushWhere stories live. Discover now