Episode 29 (Zawgyi)

22 5 0
                                    

အေးစက်စက်ရှိလှသော အချုပ်ခန်းကြမ်းပြင်ပေါ်၌ လင်း ရောင်ခြည်သစ်တစ်ယောက် အတွေးများ ပြန့်နှံ့ကာ စိတ်နှင့်လူနှင့် မကပ်ချေ ။

အကယ်၍သာ အခုချိန် မာန်အောက်ချင်းကိုသာ တွေ့သွားရင် သူတို့ရဲ့ သံသယတွေက အောက်ချင်းဆီကိုရောက်သွားမယ်ထင်တယ် ။ ခုနက စစ်ဆေးမေးမြန်းတဲ့အခန်းထဲမှာ ရဲဉီးလေးကြီး မေးတုန်းက ရောင်ခြည်ဖြေခဲ့တဲ့ အရာတွေက အမှန်တွေဆိုတာ..ရဲဉီးလေးကြီးကို ယုံစေချင်သည် ။ သို့သော်လည်း ပြောခဲ့မိသည့်စကားတွေကအမှန်တွေပါဆိုပြီး ထောက်ပြစရာ သက်သေမရှိသည့်အတွက် ယုံတစ်ဝက် မယုံတစ်ဝက်ဖြစ်နေသည် ။ အခုတော့ အ ချုပ်ခန်းထဲမှာ ယာယီထိန်းသိမ်းထားမယ်တဲ့ ။

အိုခေလေ ၊ လက်မခံနိုင်စရာအကြောင်းတော့မရှိပါဘူး ။ သူတို့ ကိုယ့်ကို စွပ်စွဲကြဖို့ သက်သေတွေ အသည်းအသန် ရှာကြတော့မည် ၊ နာမည်ကြီးသေဆုံးမှုမှာ သတ်တဲ့သူ အမည်မပေါ်ခဲ့ရင် သော်ဇင်ထက်အဖေတို့တော့ အရှက် ကွဲကြတော့မှာပေါ့ ။ ကိုယ့်သားကို သတ်သွားတဲ့သူကိုတောင် မရှာနိုင်ဘူးဆိုပြီးတော့ ။ အဲဒါကြောင့် အကယ်၍ အောက်ချင်းကိုသာ ရှာမတွေ့ရင် ၊ ကျိန်းသေ ရောင်ခြည့်ကိုပဲ စွပ်စွဲကြတော့မည် ။ မရှိ ရှိတဲ့သက်သေကို  ရှာကြံပြီးတော့ ထောက်ပြတော့မည် ၊ နောက်ဆုံး မရှိတော့ရင် သက်သေအတုလုပ်ချင်လုပ်လိမ့်မည် ဖြစ်သည် ။

ရဲဉီးလေးကြီး ပြောတာကတော့ ထွက်ဆိုခဲ့တဲ့အရာတွေက အမှန်ပါလို့ ပြောလို့မရတာမို့လို့ တရားရုံးကပဲ အဆုံးအ ဖြတ်ပေးလိမ့်မယ်တဲ့ ။ တရားရုံးရောပ်တော့မှ ပြောခဲ့သမျှတွေကို တရားသူကြီးဆီ ပြန်ပြောပြလိုက်တဲ့ ။ ပြီးတော့ ရှေ့နေငှားခွင့်ရှိတယ်တဲ့ ။

"ရောင်ခြည်.."

အချုပ်ခန်းအနားသို့ ခပ်မြန်မြန်လျှောက်လာသည့် အံ့သူရိန်မင်းက ရောင်ခြည့်ကို လှမ်းခေါ်လိုက်ရင်း -

"အဆင်ပြေရဲ့လား..လူသတ်မှုနဲ့ စွပ်စွဲခံထိထားတာဆိုတော့ တရားရုံးတက်ရလိမ့်မယ်..အမှုကလည်းကြီးတယ်.. ပြီးတော့..နောက်ခံအသိုင်းအဝိုင်းကလည်း တောင့်တင်း နေတာဆိုတော့..လွယ်မယ့်ပုံမပေါ်ဘူး.."

Hello! My CrushWhere stories live. Discover now