ဖလမ်းမှ ဟားခါးသို့ အားချင်း ပြန်လာခဲ့ရသည့် သော်ဇင်ထက်တစ်ယောက် ညရောက်တော့ ဟားခါးက ကလပ်တစ်ခုသို့ ထပ်လာခဲ့ပြန်သည်..။ ဒီတစ်ခါလည်း ဆေးကွဲနေပြီး မှိန်းနေသည်..၊ ကြေးပေးငှား ထားသည့် မိန်းကလေးနှစ်ယောက်က သူ့ဘေးမှာ အ တူတူ ဆေးကွဲနေကြသည်..။
မနက်က အဖြစ်အပျက်သည် ခေါင်းထဲ၌ ခပ်ရေးရေး သော မှတ်မိတော့သည်..။ သူ့အတွက် အရာအားလုံးက ဖြစ်လွယ် ပျက်လွယ်သည်..၊ သိလွယ် မေ့လွယ်သည်..။ ဘာမှကြာကြာမခံ..၊ မနက်တုန်းက ခံစားလိုက်ရတဲ့ အရသာကလည်း အခုတော့ မေ့တေ့တေ့ ဖြစ်နေပြီ..။
အင်္ကျီကြယ်သီးများကို ဖြုတ်ထားကာ ရင်ဘတ်ကို ဟာလာဟင်းလင်း ထားထားသဖြင့် ဗိုက်ကြွက်သားအဖုအထစ်တွေက မျက်စိပဒါသ ဖြစ်စေပြီး ဆိုဖာပေါ်၌ ခေါင်းကို လှန်တင်ထားစဥ် ဘောင်းဘီအိတ် ကပ်ထဲမှ ဖုန်းဝင်လာပြီး တုန်ခါလာသဖြင့် လက်က သူ့အလိုလို ဆွဲထုတ်လိုက်ပြီးနောက် -
"ဟယ်လို.."
"ဟုတ်ကဲ့..ဒါ ကိုသော်ဇင်ထက်ရဲ့ ဖုန်းလားဗျ.."
"ဟုတ်တယ်..ဘယ်သူလဲ.."
"ဖလမ်းက ___ ကာရာအိုကေ ဆိုင်ကပါ..အစ်ကို စောင့်ကြည့်ခိုင်းထားတဲ့သူလေ.."
စောင့်ကြည့်ခိုင်းထားတဲ့သူဆိုသည့်စကားသံကြားတော့ သော်ဇင်ထက်တစ်ယောက် ဆတ်ခနဲ ခေါင်းပြန်ထောင်လာသည်..။
သေများသေသွားတာလား..။
"ဘာဖြစ်လို့လဲ..ဆက်ပြောလေ.."
"ဟို..အစ်ကိုစောင့်ခိုင်းတဲ့သူက..မရှိတော့ဘူးဗျ.."
"ဘာ! "
သော်ဇင်ထက်တစ်ယောက် ထောင်းခနဲ ဒေါသထွက်သွားပြီး-
"မင်းတို့ကောင်တွေ အဲ့ဒါလေးတောင် လက်ကြောမတင်းကြဘူးလား.."
ဒေါသထွက်ထွက်နှင့် ဖမ်းပိတ်ဟောက်ထည့်လိုက်ပြီး-
"ထားလိုက်တော့..စောက်ဖြစ်ကို မရှိကြဘူး.."
sensitive ဖြစ်သူ ပီပီ ဖုန်းချလိုက်ပြီးနောက် ဖုန်းကို နံရံဘက်သို့ ပစ်ပေါက်ပစ်လိုက်ပြီး-
"အကုန်လုံး ထွက်သွားကြစမ်း!!"
ဒေါနှင့်မာန်နှင့် ပြောလိုက်ပြီးနောက် ဆေးကွဲနေသည့် မိန်းမနှစ်ယောက်လည်း ယိုင်တိုင်တိုင်နှင့် အခန်းထဲမှ ထွက်သွားကြသည်..။