အံ့သူရိန်မင်းတစ်ယောက် သန့်စင်ခန်းထဲမှ ထွက်လာခဲ့လိုက်ပြီး ကန်တင်းဆီသို့ ပြန်လာခဲ့လိုက်သည်..။
ကန်တင်းအဝင်ဝ၌ တိမ်စိုင်က အမျိုးသမီးတစ်ယောက်နှင့် တစ်ဝိုင်းတည်း ထိုင်နေခဲ့ပြီး အံ့သူရိန်မင်းနှင့် အကြည့်ချင်းဆုံသွားခဲ့သည်..။
"ငိုခဲ့တာလား.."
မသိချင်ယောင် ဆောင်ပြီး ဘေးမှ ဖြတ်လျှောက်မည် အလုပ် တိမ်စိုင်က လက်ကို ဆတ်ခနဲ ဖမ်းဆွဲပြီး မေးလေသည်..။
"အဆင်ပြေရဲ့လား.."
"အင်း..ပြေပါတယ်.."
အံ့သူရိန်မင်းတယောက် တိမ်စိုင့်အရှေ့မှ အမျိုးသမီးကို တစ်ချက်ငဲ့ကြည့်ပြီးနောက် သူ့လက်ကို ဆုပ်ကိုင်ထားသည့် တိမ်စိုင့်လက်ကို ဖြုတ်လိုက်ပြီး ရောင် ခြည်ထိုင်နေသည့် စားပွဲဝိုင်းဆီသို့ လျှောက်လာခဲ့လိုက်သည်..။
ရောင်ခြည်ကတော့ ဒီနေ့ထွက်သည့် သတင်းစာကို ဟိုနေ့ကလို ထပ်ခါတလဲလဲ လှန်လှောနေသည်..။ အံ့သူရိန်မင်းလည်း ရောင်ခြည့်ဘေး၌ ဝင်ထိုင်လိုက်ပြီး-
"ဒီနေ့ရော..ဘာတွေထပ်ရှာနေပြန်ပြီလဲ.."
"ဟင်..ဘာမှမဟုတ်ပါဘူး..ဒီအတိုင်းပါပဲ.."
"မင်းလည်း တစ်ခါတစ်လေကျရင် မပွင့်လင်းနဲ့နော်.."
"အဲဒါက မင်းအထင်လေ..ဒါက ငါ့ရဲ့privacy ဆိုတော့ ပြောပြစရာမလိုဘူးထင်တယ်.."
"အေးပါ..မလိုပါဘူး.."
ခုနက ထွက်နေသည့် ဒေါသမီးက မငြိမ်းသေးသည့်ကြားထဲကပင် တိမ်စိုင်တို့ကို ထပ်ပြီးမြင်လိုက်ရသဖြင့် ပိုစိတ်နောက်သွားခဲ့သည်..။
မင်းလည်း မင်းစိတ်ကြိုက် လုပ်ပေါ့..တိမ်စိုင်ရာ..။
အံ့သူရိန်မင်းတစ်ယောက် စိတ်မကြည်တော့သဖြင့် စားဝိုင်းမှ ထလာခဲ့လိုက်ပြီး ကန်တင်းထဲမှ ထွက်လာခဲ့လိုက်သည်..။
"အံ့သူရိန်မင်း..ဘာမှ မစားတော့ဘူးလား.."
"တော်ပြီ.."
_____
"တိမ်စိုင်က ဘယ်မှာနေတာလဲ.."
တိတ်ဆိတ်နေသည့် အခြေအနေကို ခေတ်လေပြည်သွေး၏မေးခွန်းက ဖြိုခွဲလိုက်လေသည်..။ သို့သော် တိမ်စိုင့်အတွက်တော့ ဖြေရခက်သည့် မေးခွန်းထဲက တစ်ခုပင် ဖြစ်နေတော့သည်..။