(A/N- Part 1 ဆိုတဲ့ခေါင်းစဥ်အောက်မှာ ဇာတ် ကောင်နှစ်ယောက်ရဲ့ ကျောင်းသားဘဝ ရန်ကုန်ဘော် ဒါမှာ ဖြစ်ပျက်သမျှ ကြည်နူးမှုတွေ..၊ ဝမ်းနည်းမှုတွေနဲ့ ငြိမ့်ငြိမ့်လေးသွားမှာပဲ ဖြစ်ပါတယ်..။ )
_____
အရာရာတိုင်းက ခံစားချက်ကြောင့်ပဲ ဖြစ်လာတာ..။
ပျော်ရွှင်မှု
သူ့အနားမှာ ရှိနေရရင် တစ်ကမ္ဘာလုံးမှာ ကိုယ်တို့နှစ်ယောက်ပဲ ရှိနေသလို ခံစားရပြီး သူမရှိရင် တစ်ကမ္ဘာလုံးမှာ ကိုယ်တစ်ယောက်တည်းရှိနေသလိုပဲ အထီး ကျန်နေရတာ..။ တခြားသူမဟုတ်ဘဲ..၊ သူမို့လို့သာ ကိုယ်ပျော်နေရတာ..။ ကိုယ့်ရဲ့ပျော်ရွှင်မှုဆိုတာက သူပဲမို့လို့..။
ဝမ်းနည်းမှု
လူတိုင်းက အချိန်တိုင်း စိတ်ဓာတ်ခိုင်မာနေဖို့ မလိုပါဘူး..၊ အဲဒီ့လူတွေမှာလည်း လူမသိသူမသိ ပြိုလဲတဲ့ အချိန်တွေဆိုတာ ရှိပါတယ်..။ မျက်လုံးမှိတ်ပြီးတော့ မျက်ရည်တွေကို သူ့အလိုလိုစီးကျစေသလိုဖြစ်စေ..၊ တစ်စုံတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ ခိုအောင်းပြီးတော့ ပဲဖြစ်စေ..ပြိုလဲနိုင်ပါတယ်..။
အတ္တ
ငွေရှိမှ လူရာဝင်တယ်ဆိုတဲ့လောကမှာ ငွေကြေးမပြည့်စုံတဲ့သူတစ်ယောက်အနေနဲ့ သူတစ်ပါးရဲ့အနှိမ်ခံဘဝ မရောက်ဖို့အတွက် တင်းခံထားတဲ့ အတ္တက လူကို ပိုပြီးတော့ ပင်ပန်းရစေတယ်..။
အဆိုးဆုံးကတော့ ကံကြမ္မာ
နောက်တစ်မိနစ်နေရင် ဘာဖြစ်လာမလဲဆိုတာ မသိနိုင်တဲ့ ပြဇာတ်ခုံပေါ်မှာ ကြိုးဆွဲရာကနေရတဲ့ ငါတို့..။ ကံကြမ္မာရဲ့ စနောက်ကျီဆယ်မှုကို မကျေနပ်လည်း ကျေနပ်ရပြီးတော့ ခေါင်းငုံ့ခံနေရတာ..။ ဒါကို လူတွေက သုံးနှုန်းကြတဲ့စကားလုံးတစ်ခုရှိတယ်..။
လောကဓံတဲ့..။
#Min-Kha